တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ပိတ်မိနေသည့် ရုရှားနိုင်ငံသား (၁၉)ဦးကို လေယာဉ်ဖြင့် တခါတည်း ခေါ်ဆောင်သွား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ပိတ်မိနေသည့် ရုရှားနိုင်ငံသား (၁၉)ဦးကို လေယာဉ်ဖြင့် တခါတည်း ခေါ်ဆောင်သွား
ဇွန် 22, 2020
By Tachileik News Agency
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း ပိတ်မိနေသည့် ရုရှားနိုင်ငံသား (၁၉)ဦးကို လေယာဉ်ဖြင့် တခါတည်း ခေါ်ဆောင်သွား

ရုရှားနိုင်ငံသို့ စစ်ရေးပြအခမ်းအနား တက်ရောက်ရန် နေပြည်တော်မှ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့တွင် ထွက်ခွာသွားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၌ ပိတ်မိနေသည့် ရုရှားနိုင်ငံသား (၁၉) ဦးကို လေယာဉ်ဖြင့် တပါတည်း ခေါ်ဆောင်သွားကြောင်း သိရသည်။

ရုရှားနိုင်ငံတွင် ကျင်းပမည့် Great Patriotic War(1941-1945) အောင်နိုင်မှု(၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားကြခြင်းဖြစ်သည်။

COVID 19 ကာကွယ်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးတွင် လေကြောင်းခရီးစဉ် ပျံသန်းမှုများကို ရပ်ဆိုင်းထားရာ နိုင်ငံအသီးသီးတွင် ပိတ်မိနေသည့် မိမိတို့နိုင်ငံသားများကို နိုင်ငံအလိုက် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်နေကြရခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပါတည်းခေါ်ဆောင်ပေးသွားသည့် ရုရှားနိုင်ငံသား (၁၉)ဦးမှာ လေကြောင်းခရီးစဉ်များ ဆိုင်းငံ့မှုကြောင့် မြန်မာနိုင်ငံတွင် ပိတ်မိနေကြ၍ နေရပ်ပြန်လိုသူများဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~