တာချီလိတ်တွင် ပြည်တော်ပြန်များ များလာသည့်အတွက် Quarantine ထားရှိရန် နှင့် ကျွေးမွေးရေးအတွက် အခက်တွေ့လာ

တာချီလိတ်တွင် ပြည်တော်ပြန်များ များလာသည့်အတွက် Quarantine ထားရှိရန် နှင့် ကျွေးမွေးရေးအတွက် အခက်တွေ့လာ
ဇွန် 24, 2020
By Tachileik News Agency
တာချီလိတ်တွင် ပြည်တော်ပြန်များ များလာသည့်အတွက် Quarantine ထားရှိရန် နှင့် ကျွေးမွေးရေးအတွက် အခက်တွေ့လာ

မြန်မာ - ထိုင်း - လာအိုနယ်စပ်ဖြစ်တဲ့ တာချီလိတ်မြို့ကို ပြည်တော်ပြန်တွေ ဝင်ရောက်လာမှုက ရက်ခပ်စိတ်စိတ်တွေ ဖြစ်လာတဲ့အတွက်  Quarantine  ထားရှိဖို့နဲ့ ကျွေးမွေးဖို့အတွက် အခက်အခဲဖြစ်လာနေတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

တာချီလိတ်ကိုရောက်ရှိလာတဲ့ ပြည်တော်ပြန်တွေထဲက တာချီလိတ်ဒေသခံတွေနဲ့ ထိုင်းနိုင်ငံက ပြစ်ဒဏ်စေ့လို့ပြန်လည်လွှဲပြောင်းလာသူတွေကို မိုးကုတ်ဝိပဿနာတရားရိပ်သာမှာ Quarantine ထားရှိပြီး အခြားပြည်နယ်နဲ့တိုင်းဒေကြီးတွေက ပြည်တော်ပြန်တွေကို သက်ဆိုင်ရာနေရပ်အသီးသီးကို မော်တော်ယာဉ်တွေနဲ့ ချက်ခြင်းပို့ ဆောင်ပေးတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြန်လည်လွှဲပြောင်းပေးသူ (၂၃) ဦးနဲ့ နေရပ်ပြန် (၁၆၄) ဦးကို ၂၀၂၀ ခုနှစ် ဇွန်လ (၂၃) ရက်နေ့က တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ ပြန်လည်လွှဲပြောင်းလာရာမှာ တာဝန်ရှိသူတွေက လက်ခံခဲ့ပြီး နေရပ်အသီးသီးကို ပြန်ပို့ပေးခဲ့ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~