တာချီလိတ် Quarantine Center မှ ပြည်တော်ပြန် (၁၂၃)ဦး အပါအဝင် ဓါတ်ခွဲအဖြေစောင့်သူ (၁၂၇)ဦးတွင် Covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်

တာချီလိတ် Quarantine Center မှ ပြည်တော်ပြန် (၁၂၃)ဦး အပါအဝင် ဓါတ်ခွဲအဖြေစောင့်သူ (၁၂၇)ဦးတွင် Covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်
ဇွန် 24, 2020
By Tachileik News Agency
တာချီလိတ် Quarantine Center မှ ပြည်တော်ပြန် (၁၂၃)ဦး အပါအဝင် ဓါတ်ခွဲအဖြေစောင့်သူ (၁၂၇)ဦးတွင် Covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ Quarantine Center မှ ပြည်တော်ပြန် (၁၂၃) ဦးနှင့် ဆေးရုံတွင် အသွားအလာ ကန့်သတ်ထားသူ (၄) ဦးတို့၏ ဓာတ်ခွဲစစ်ဆေးမှုတွင် ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် ဓာတ်ခွဲအဖြေရလာပြီဖြစ်သည်။

Quarantine Center ကရော၊ ဆေးရုံက PUI ရော အကုန် Negative ထွက်ပါတယ်။ မနေ့က ထိုင်းက ဝင်လာတာနဲ့ ဒီနေ့ လာအိုက ဝင်လာတာတွေကိုတော့ (၇)ရက်ပြည့်တဲ့နေ့မှာ စစ်မှာပါ

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့သို့ ဇွန်လ (၁၅)ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ လွတ်မြောက်လာသူ (၁၉) ဦးနှင့် မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြန်ခွင့်ရသူ ပြည်တော်ပြန် (၁၀၄) ဦး စုစုပေါင်း (၁၂၃)ဦးတို့၏ ဓာတ်ခွဲနမူနာများနှင့် ဆေးရုံမှ စောင့်ကြည့်လူနာ (၂)ဦး၊ ဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ (၂)ဦးတို့၏ ဓာတ်ခွဲနမူနာများကို ဇွန်လ (၁၆) ရက်နေ့က ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့ Quarantine Center တွင် ဇွန်လ (၂၃)ရက်နေ့က ထိုင်းဘက် ပြန်လွှဲလာသည့် ပြစ်ဒဏ်စေ့ (၂၃)ဦးနှင့် ပြည်တော်ပြန်များမှ တာချီလိတ်ဒေသခံ (၅၄)ဦးတို့ကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရန် အသွားအလာ ကန့်သတ်ထားပြီး ဇွန်လ (၂၄) ရက်နေ့တွင်လည်း လာအိုနိုင်ငံမှ ပြည်တော်ပြန်များ ထပ်တိုးဝင်ရောက်လာနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~