အထူးဒေသ(၄)တွင် Quarantine နေထိုင်ခဲ့ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သား (၁၅၀)ကျော်ကို မိုင်းယုမြို့သို့ လာရောက် ပို့ဆောင်

အထူးဒေသ(၄)တွင် Quarantine နေထိုင်ခဲ့ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သား (၁၅၀)ကျော်ကို မိုင်းယုမြို့သို့ လာရောက် ပို့ဆောင်
ဇွန် 5, 2020
By Tachileik News Agency

အထူးဒေသ(၄)တွင် Quarantine နေထိုင်ခဲ့ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သား (၁၅၀)ကျော်ကို မိုင်းယုမြို့သို့ လာရောက် ပို့ဆောင်

အထူးဒေသ(၄) နမ့်ပန်းဒေသတွင် Facility Quarantine နေထိုင်ပြီးသည့် မြန်မာလုပ်သားများအနက် (၁၅၁)ဦးကို နမ့်ပန်းဒေသမှ တာဝန်ရှိသူများက ၂၀၂၀ခုနှစ် ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မိုင်းယုမြို့သို့ လာရောက်ပို့ဆောင်ပေးရာ ယခုအကြိမ် အပါအဝင် လူဦးရေ စုစုပေါင်း (၁၆၀၀)ကျော်ပြီ ဖြစ်ကြောင်း သိရသည်။

 အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ နမ့်ပန်းဒေသရဲတပ်အဖွဲ့မှ ရဲမှူး ချစ်ဆွေ နှင့် တာဝန်ရှိသူများက ကျိန်းယဲန်း - မိုင်းယု တံတားပေါ်တွင် လာရောက်လွှဲပြောင်း ပို့ဆောင်ပေးရာ ပြည်နယ်လွှတ်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့က ကြိုဆိုလက်ခံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

လာရောက်ပို့ဆောင်သည့် မြန်မာလုပ်သားများတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပါဝင်ပြီး  ကလေးငယ်များ အပါအဝင် အမျိုးသား (၉၅)ဦး နှင့် အမျိုးသမီး(၅၆)ဦး စုစုပေါင်း (၁၅၁)ဦး ဖြစ်သည်။

၎င်းတို့အား မိုင်းယုမြို့မအားကစားကွင်တွင် စိစစ်လက်ခံပြီး ပြည်နယ်လွှတ်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင်များ၊ စစ်ဖက်ဆိုင်ရာအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက လူဦးရေစာရင်းကောက်ယူခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များ ဝေငှပေးခြင်း၊ သတ်မှတ်လိုင်းကားများ စီးနင်းနိုင်ရန် စီစဉ်ပေးခြင်းများပြုလုပ်ကာ  မိုင်းယုမြို့မှတစ်ဆင့်  နေရပ်ဒေသအသီးသီးသို့ ပို့ဆောင်ပေးရန်အတွက် တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာသွားသည်။

အထူးဒေသ(၄) နမ့်ပန်းဒေသတွင် Facility Quarantine (၂၁)ရက် သတ်မှတ်နေထိုင်ပြီးသူများကို နယ်စပ်ဒေသ မိုင်းယုမြို့သို့ ၂၀၂၀ခုနှစ် ဇွန်လ(၅)ရက်နေ့အထိ    နေရပ်ပြန် မြန်မာလုပ်သားများကို လာရောက်ပို့ဆောင်ပေးရာမှာ (၅)ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး စုစုပေါင်း လူဦးရေ အရေအတွက်မှာ (၁၆၆၉)ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

  Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုကိုနိုင် (မိုင်းယု )


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~