တာချီလိတ် Quarantine မှ (၁၂၃)ဦးကို ဓာတ်ခွဲပို့စစ်ထားသည့် (၄)ရက်မြောက်နေ့တွင် (၁)ဦး၏ ဓာတ်ခွဲအဖြေသာ ရရှိ‌သေး

တာချီလိတ် Quarantine မှ (၁၂၃)ဦးကို ဓာတ်ခွဲပို့စစ်ထားသည့် (၄)ရက်မြောက်နေ့တွင် (၁)ဦး၏ ဓာတ်ခွဲအဖြေသာ ရရှိ‌သေး
ဇွန် 22, 2020
By Tachileik News Agency
တာချီလိတ် Quarantine မှ (၁၂၃)ဦးကို ဓာတ်ခွဲပို့စစ်ထားသည့် (၄)ရက်မြောက်နေ့တွင် (၁)ဦး၏ ဓာတ်ခွဲအဖြေသာ ရရှိ‌သေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center တွင် ထိုင်းနိုင်ငံဘက်မှ ပြည်တော်ပြန်လာသူနှင့် ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူ စုစုပေါင်းကို (၁၂၃) ဦးကို အသွားအလာ ကန့်သတ်ထားသည့် (၇) ရက်မြောက်နေ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့၌ (၁)ဦး၏ ဓာတ်ခွဲအဖြေကို စတင်ရရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲနမူနာတွေက (၁၈) ရက်နေ့ ညနေမှာ ရန်ကုန် NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန)ကို  ရောက်တယ်။ ဒီနေ့ တစ်ယောက် ဓာတ်ခွဲအဖြေပါလာတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့သို့ ဇွန်လ (၁၅)ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ လွတ်မြောက်လာသူ (၁၉) ဦးနှင့် မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြန်ခွင့်ရသူ ပြည်တော်ပြန် (၁၀၄) ဦးစုစုပေါင်း (၁၂၃)ဦးတို့၏ ဓာတ်ခွဲနမူနာများကို ဇွန်လ (၁၆) ရက်နေ့က ရယူကာ ရန်ကုန်ဓာတ်ခွဲဌာနသို့ ပို့စစ်ထားခြင်းဖြစ်သည်။

တာချီလိတ်တွင် ထိုင်းနှင့်လာအိုဘက်မှ ပြန်တော်ပြန်များအပြင် ထိုင်းနိုင်ငံဘက်၌ တရားမဝင်နေထိုင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ပြန်လည်လွှဲပြောင်းလာသူများကို အသွားအလာ ယာယီကန့်သတ်၍ COVID 19 စစ်ဆေးပြီးမှ နေရပ်အသီးသီးပြန်လွှတ်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~