သင်သိပါသလား.....( ရှမ်းပြည်နယ်အတွင်း သတ်မှတ်ချက်များ )

သင်သိပါသလား.....( ရှမ်းပြည်နယ်အတွင်း သတ်မှတ်ချက်များ )
ဇွန် 30, 2020
By Tachileik News Agency
သင်သိပါသလား……
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဒါတွေ ကန့်သတ်ထားဆိုတာ...

🔘 ညဈေးများ၊ KTV၊ Bar၊ Club များ၊ ဘိလိယက်ခုံများ မဖွင့်ရ။
🔘 ဈေးများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကန့်သတ်ချက်တွင် မပါဝင်သည့် လုပ်ငန်းများ အနေဖြင့် စားသုံးသူ၊ ဝန်ဆောင်မှုရယူသူနှင့် ဝန်ထမ်းများအား COVID 19 ကာကွယ်ရေး အစီအမံများ လုပ်ဆောင်ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အား အတိအကျ လိုက်နာမှသာ ဖွင့်ခွင့်ရမည်။
🔘 ပြည်ပမှ ပြန်လာသူတိုင်း (၂၁) ရက် အသွားအလာကန့်သတ်နေထိုင် (Quarantine) ရမည်။
🔘  အပြင်ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ရမည်။
🔘 အများပြည်သူဆိုင်ရာ နေရာများ (ဘုရား၊ ဝတ်ပြုဆုတောင်းရာနေရာများ၊ အပန်းဖြေနေရာများ စသဖြင့်) တွင် လူစုလူဝေးဖြင့် နေထိုင်၊ သွားလာခြင်း ခွင့်မပြုပါ။
🔘 ဌာနဆိုင်ရာ၊ တာဝန်ရှိသူများ လုပ်ငန်းဆောင်တာအတွက် အစိုးရက ခွင့်ပြုထားသည့် ကိစ္စရပ်များမှလွဲ၍  လူစုလူဝေးဖြင့် ပြုလုပ်သည့် မည်သည့် ပွဲ၊ အခမ်းအနားများကိုမှ ကျင်းပခွင့်မပြုပါ။
🔘 အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးကစားရောင်းချခြင်း ခွင့်မပြု။
🔘 သတင်းမှား၊ ကောလဟလဖြန့်ဝေခြင်း ခွင့်မပြု။

🔘 Source: ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ