တာချီလိတ်မြို့ ပါလျှံမီးပွိုင့်လမ်းဆုံမှာ လမ်းချဲ့ကာ မီးတိုင်ရွှေ့နေမှု အခြေအနေ

တာချီလိတ်မြို့ ပါလျှံမီးပွိုင့်လမ်းဆုံမှာ လမ်းချဲ့ကာ မီးတိုင်ရွှေ့နေမှု အခြေအနေ
ဇွန် 28, 2020
By Tachileik News Agency

တာချီလိတ်မြို့ ပါလျှံမီးပွိုင့်လမ်းဆုံမှာ လမ်းချဲ့ကာ မီးတိုင်ရွှေ့နေမှု အခြေအနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအပိုင်းထဲက ပါလျှံမီးပွိုင့်လမ်းဆုံမှာ  ယာဉ်ကြောကျပ်တည်းမှုကို လျော့ချနိုင်ဖို့အတွက် လမ်းချဲ့ထွင်မှု လုပ်ဆောင်ခဲ့ပြီး လမ်းပေါ်မှာ ကျန်နေတဲ့ မီးတိုင်တွေ၊ ဖုန်းကြိုးတိုင်တွေကို ၂၀၂၀ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက လျှပ်စစ်မီး ခဏဖြတ်တောက်ပြီးတော့  ဆောင်ရွက်ခဲ့ကြပါတယ်။

ပါလျှံ မီးပွိုင့်လမ်းဆုံ လမ်းချဲ့ထွင်မှုကို ဘတ်ဂျက် သုံးမျိုးနဲ့ ဆောင်ရွက်ခဲ့ပြီး အရင် ပေ (၄၀) ရှိတဲ့လမ်းကို အခု ပေ (၆၀) ကျော်အထိ တိုးချဲ့ခင်းကျင်းခဲ့တာဖြစ်တဲ့အကြောင်းကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အငယ်တန်းအင်ဂျင်နီယာ(၂) ဦးစိုင်းဝန်းလှိုင်က အခုလို ပြောပါတယ်။

တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်အပိုင်းထဲ ပါလျှံမီးပွိုင့် လမ်းဆုံကို လမ်းချဲ့ထွင်လိုက်တဲ့အခါမှာ လမ်းပေါ်ကို ရောက်သွားတဲ့ မီးတိုင်တွေ၊ ဖုန်းကြိုးတိုင်တွေနဲ့ မီးပွိုင့်တွေကို ပြောင်းရွှေ့ပြီးရင် ပါလျှံမီးပွိုင့်ကနေ မြို့ထဲလာတဲ့လမ်းကြော နဲ့ ပါလျှံတရုတ်ဘုံကျောင်းဘက်ကို သွားတဲ့ လမ်းကြော (၂) ကြော၊ စုစုပေါင်း လမ်းကြော (၃) ခုကို Free Way တွေပြုလုပ်ပေးမှာဖြစ်တဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျော့ပေးနိုင်မယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~