ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း သိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့တွင် ဖျက်ဆီး

ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း သိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့တွင် ဖျက်ဆီး
ဇွန် 23, 2020
By Tachileik News Agency

ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း သိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့တွင် ဖျက်ဆီး

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကွတ်ခိုင်မြို့နယ် ကောင်းခါးနှင့် လွယ်ခန်ဒေသတို့မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း (၉၇) မျိုးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့တွင် ဖျက်ဆီးလိုက်သည်။

ကောင်းခါးနှင့် လွယ်လန်းဒေသများတွင် တပ်မတော်က ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့မှ မေလ (၁) ရက်နေ့အထိ ဖမ်းဆီး၊ သိမ်းဆည်းရမိထားသော ခန့်မှန်းတွက်ချက်တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၃)သန်းခန့်တန်ဖိုးရှိသည့် အစပျိုးဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း ( ၉၇ ) မျိုး ကွတ်ခိုင်မြို့၊ ရပ်ကွက် (၁)ရှိ အမှိုက်စွန့်ပစ်ရာနေရာ၌ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အလားတူ လွယ်ခန်ဒေသမှ ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်း စုစုပေါင်း (၁၄) မျိုး ခန့်မှန်းတွက်ချက်တန်ဖိုး အမေရိကန်ဒေါ်လာ (၄၁၉.၉) သန်းကျော်ဖိုးကိုလည်း လာမည့် ဇွန်လ (၂၆) ရက်နေ့၌ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ထပ်မံဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ( တောင်ပိုင်း ) တောင်ကြီးမြို့တွင်လည်း ဇွန်လ (၂၆) ရက်နေ့မှာပင် အမေရိကန်ဒေါ်လာ (၂၂၈.၈) သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကိုနေမျိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~