ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် သယ်လာသည့် ခြင်းတောင်းထဲက ဘိန်းဖြူများ ဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် သယ်လာသည့် ခြင်းတောင်းထဲက ဘိန်းဖြူများ ဖမ်းဆီးရမိ
ဇွန် 20, 2020
By Tachileik News Agency
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် သယ်လာသည့် ခြင်းတောင်းထဲက ဘိန်းဖြူများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်း - မန့်ဝန်းကြီးသွား ကားလမ်းရှိ သံတံတားတွင် ဆိုင်ကယ်မောင်းလာပြီး ခြင်းတောင်းများဖြင့် သယ်ဆောင်လာသည့် ဘိန်းဖြူများကို ဖမ်းဆီးရမိကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း၊ ကွန်လုံကျေးရွာအနီး၊ နမ့်ခမ်း - မန့်ဝိန်းကြီးသွား ကားလမ်းမရှိ သံတံတားတွင် ၂၀၂၀ခုနှစ် ဇွန်လ(၁၉)ရက်နေ့ ည(၇)နာရီခွဲ ဝန်းကျင်အချိန်က ဇော်မြတ် မောင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက ဆိုင်ကယ်ဘေးတစ်ဖက်တစ်ချက်တွင် ချိတ်ဆက်ချည်နှောင် သယ်ဆောင်လာသည့် ခြင်းတောင်းများထဲက ဘိန်းဖြူ စုစုပေါင်း (၅.၈၃)တို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် အသက်(၃၁)နှစ်အရွယ် ‌ဇော်မြတ်ဆိုသူအား နမ့်ခမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ကွင်းဆက် ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~