ရှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့တွင် လက်ဖက်ခူးရန် သွားသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

ရှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့တွင် လက်ဖက်ခူးရန် သွားသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး
ဇွန် 5, 2020
By Tachileik News Agency

ရှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့တွင် လက်ဖက်ခူးရန် သွားသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်း မိုင်းငေ့ါမြို့၊ ချုံးသစ်ကျေးရွာအနီးတွင် လက်ဖက်ခူးသွားသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သိရသည်။

မိုင်းငေါ့မြို့၊ ချုံးသစ်ကျေးရွာမှ အသက်(၂၈)နှစ်အရွယ် စိုင်းဘဦးဆိုသူသည် ၂၀၂၀ခုနှစ် ဇွန်လ(၅)ရက်နေ့ နံနက်အစောပိုင်းက နေအိမ်မှ ထွက်သွားရာ ချုံးသစ်ကျေးရွာ နှင့် နမ့်တွေကျေးရွာကြားတွင် မိုင်းနင်းမိရာမှ ဘယ်ဖက်ဒူးအောက်ကြေမွသွားကာ ဘက်ဖက်ပေါင် မိုင်းစထိမှန်ပြီး ပြင်းထန်သည့် ဒဏ်ရာရရှိသွားကြောင်းသိရသည်။

 ပြင်းထန်သည့် ဒဏ်ရာရရှိသည့် စိုင်းဘဦးဆိုသူအား ဆေးဝါးကုသရန်အတွက် မိုင်းငေါ့သို့ သယ်ဆောင်လာစဉ် သွေးထွက်လွန်ကာ လမ်းတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
 Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~