မယ်ဆိုင်မြို့တွင် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည့် မြန်မာလုပ်သား မိသားစု ဆေးရုံစရိတ် မတတ်နိုင်၍ နေအိမ်တွင် မီးဖွားရာမှ ကလေးငယ်သေဆုံး

မယ်ဆိုင်မြို့တွင် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည့် မြန်မာလုပ်သား မိသားစု ဆေးရုံစရိတ် မတတ်နိုင်၍ နေအိမ်တွင် မီးဖွားရာမှ ကလေးငယ်သေဆုံး
ဇွန် 27, 2020
By Tachileik News Agency
မယ်ဆိုင်မြို့တွင် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည့် မြန်မာလုပ်သား မိသားစု ဆေးရုံစရိတ် မတတ်နိုင်၍ နေအိမ်တွင် မီးဖွားရာမှ ကလေးငယ်သေဆုံး

တာချီလိတ်မြို့နှင့် နီးစပ်သည့် နယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မုန်တဲန်းရပ်ကွက် (၃)လမ်းတွင် နေထိုင်သည့် ရွှေ့ပြောင်းမြန်မာလုပ်သားမိသားစုမှ ကိုယ်ဝန်ဆောင်တစ်ဦး  ဆေးရုံတက်ရန် ငွေကြေးမတတ်နိုင်၍  ၂၀၂၀ ခုနှစ် ဇွန်လ(၂၅)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အ ချိန်က နေအိမ်တွင် မီးဖွားရာမှ ကလေးငယ်မှာ သေဆုံးသွားကြောင်း သိရသည်။

ကျွန်တော်တို့ကို ဆက်သွယ်လာတော့ ရဲတပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာတွေကို အကြောင်းကြားပေးတာတွေ လုပ်တယ်။ သေသွားတဲ့ ကလေးကို သဂြိုလ်တာတွေ နဲ့ မိခင်ဖြစ်သူကို ဆေးရုံပို့ပေးတာက အစ ကျွန်တော်တို့ အသင်းက ပဲ ကူညီပေးခဲ့ပါတယ်။ အခု ဆေးရုံတက်နေတဲ့ ကာလအတွင်းလည်း ကျွန်တော်တို့ကပဲ ကူညီပေးနေပါတယ်။ ပြီးခဲ့တဲ့ လကလည်း ဆန်ဆီစား ရိက္ခာတွေထောက်ပံ့တော့ သူတို့ကိုလည်း သွားထောက်ပံ့ပေးလိုက်သေးတယ်

ဟု မယ်ဆိုင်မြို့ လူမှုကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ကိုစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဇနီးမောင်နှံတွင် ခင်ပွန်းဖြစ်သူမှာ မယ်ဆိုင်တွင် Covid-19 ကာလအတွင်း တစ်ပတ်လျှင် (၂)ရက်သာ အလုပ် လုပ်ရပြီး တာချီလိတ်သို့ ပြန်မည်ဆိုပါက Quarantine ဝင်ရမည်ဖြစ်ပြီး နေရပ်ပြန်ရန်လည်း ငွေကြေးမတတ်နိုင်၍ မယ်ဆိုင်တွင်သာ နေထိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်ရန် အခက်အခဲဖြစ်နေစဉ် မီးဖွားရမည်ဖြစ်၍ ဆေးရုံသွားရာတွင် အခမဲ့ဆေးကုသခွင့်အထောက်အထား မရှိသည့်အပြင် ဆေးကုသစရိတ်လည်း မတတ်နိုင်သဖြင့် နေအိမ်တွင် မီးဖွားရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကလေးငယ်သေဆုံးရခြင်း အကြောင်းရင်းကို မယ်ဆိုင်ရဲတပ်ဖွဲ့က မယ်ဆိုင်ဆေးရုံတွင် စစ်ဆေးထားပြီး သံသယဖြစ်ဖွယ် မရှိ၍ ရုပ်အလောင်းအား မယ်ဆိုင်မြို့ရှိ ပါမွေသုဿန်တွင် မယ်ဆိုင်မြို့ လူမှုကရုဏာ လူမှုကူညီရေးအသင်း က သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

Covid-19 ကာလအတွင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသား အများအပြားရှိနေပြီး မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ ပြန်မည်ဆိုပါကလည်း မှတ်ပုံတင်ပါ လိပ်စာအတိုင်း နေရပ်သို့ ပြန်ရမည်ဖြစ်သည့်အတွက် အခက်အခဲများစွာဖြစ်နေသူများလည်း ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - လူမှုကရုဏာ လူမှုကူညီရေးအသင်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~