Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တာချီလိတ်ဘက်မှ နယ်စပ်ချောင်းဖြတ်ကူးသွားသည့် မြန်မာ(၁)ဦးနှင့် ထိုင်းနိုင်ငံသား (၃)ဦးကို မယ်ဆိုင်ဘက်က ဖမ်းမိ

တာချီလိတ်ဘက်မှ နယ်စပ်ချောင်းဖြတ်ကူးသွားသည့် မြန်မာ(၁)ဦးနှင့် ထိုင်းနိုင်ငံသား (၃)ဦးကို မယ်ဆိုင်ဘက်က ဖမ်းမိ တာချီလိတ်ဘက်မှ နယ်စပ်ချေ...


တာချီလိတ်ဘက်မှ နယ်စပ်ချောင်းဖြတ်ကူးသွားသည့် မြန်မာ(၁)ဦးနှင့် ထိုင်းနိုင်ငံသား (၃)ဦးကို မယ်ဆိုင်ဘက်က ဖမ်းမိ

တာချီလိတ်ဘက်မှ နယ်စပ်ချောင်း ခိုးကူးလာသည့် မြန်မာနိုင်ငံသား (၁)ဦးနှင့် ထိုင်းနိုင်ငံသား (၃)ဦးတို့ကို မယ်ဆိုင်မြို့တွင်း ခေါ်ဆောင်ပေးသည့် ထိုင်းနိုင်ငံသားနှင့်အတူ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့ ညပိုင်းကမယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက ဖမ်းဆီးရမိထားကြောင်း သိရသည်။

နယ်စပ် မယ်ဆိုင်ချောင်းဖြတ်၍ ခိုးကူးလာသူများကို မော်တော်ယာဉ်တစ်စီးဖြင့် လာရောက်ခေါ်ဆောင်ပေးသည်ကို လှည့်ကင်းဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်မောင်းနှင်သူနှင့် နယ်စပ်ချောင်းကို တရားမဝင် ဖြတ်ကူးလာသူများကို မယ်ဆိုင်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယင်းတို့အနက် မြန်မာနိုင်ငံသားကို တာချီလိတ်ဘက်ခြမ်းသို့ ပြန်ပို့မည်ဖြစ်ကာ နယ်စပ်ချောင်းကို တရားမဝင်ဖြတ်လာသည့် ထိုင်းနိုင်ငံသားများ အနေဖြင့် COVID 19 ကာကွယ်ထိန်းချုပ်ရေး ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကာ ယာဉ်မောင်းမှာ နိုင်ငံခြားသားအား ခိုးသွင်းခေါ်ဆောင်လာမှုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်နှင့် တာချီလိတ်အကြားရှိ နယ်စပ် မယ်ဆိုင်ချောင်းမှ တဆင့် တရားမဝင်ဖြတ်ကူး သွားလာသူများနှင့် မူးယစ်ဆေး ခိုးသွင်း သယ်ဆောင်လာသူများအား တာချီလိတ်ဘက်တွင် ဖမ်းဆီးရမိလေ့ မရှိသော်လည်း မယ်ဆိုင်ဘက်တွင် မကြာခဏ ဖမ်းဆီးရမိလေ့ရှိကြောင်း သိရှိရသည်။

Tachileik News Agency



~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~


Header Ad

//