ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကမ္ဘောဇဘဏ် နာယကတို့က မိုင်းယုမြို့ရှိ အိမ်ထောင်စု (၅၇)စုကို စားနပ်ရိက္ခာထောက်ပံ့

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကမ္ဘောဇဘဏ် နာယကတို့က မိုင်းယုမြို့ရှိ အိမ်ထောင်စု (၅၇)စုကို စားနပ်ရိက္ခာထောက်ပံ့
ဇွန် 12, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် ကမ္ဘောဇဘဏ် နာယကတို့က မိုင်းယုမြို့ရှိ အိမ်ထောင်စု (၅၇)စုကို စားနပ်ရိက္ခာထောက်ပံ့

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယုမြို့ရှိ အိမ်ထောင်စု (၅၇)စုကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့ နေ့လည်ပိုင်းက စားနပ်ရိက္ခာ လာရောက်ထောက်ပံ့သည်။

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၏ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းတို့ ဦးဆောင်သည့် အဖွဲ့က ရှမ်းပြည်နယ်အတွင်း ကိုဗစ် - ၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စားနပ်ရိက္ခာထောက်ပံ့ပေးနေခြင်းဖြစ်သည်။

မိုင်းယုမြို့ရှိ ပုံမှန်ဝင်ငွေမရှိသည့် မြို့မရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်၊ ဆီ (၂၅) ကျပ်သား၊ ကုလားပဲ (၅၀) ကျပ်သား၊ ဆား (၁၈) ကျပ်သား‌နှင့် ငွေကျပ် တစ်သောင်းစီဖြင့် အိမ်ထောင်စု (၅၇) စုကို မိုင်းယုမြို့ မြို့မရပ်ကွက်၊ အားကစားကွင်းတွင် ထောက်ပံ့ပေးခြင်းဖြစ်သည်။

Tachileik News Agency

သတင်း/ဓါတ်ပုံ - ကိုကိုနိုင်(မိုင်းယု)

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~