မိုင်းဆတ်ခရိုင်အတွင်း ခဲမဖြူနှင့် အဖြိုက်နက် အသေးစားသတ္တုလုပ်ကွက်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းစစ်ဆေး

မိုင်းဆတ်ခရိုင်အတွင်း ခဲမဖြူနှင့် အဖြိုက်နက် အသေးစားသတ္တုလုပ်ကွက်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းစစ်ဆေး
ဇွန် 24, 2020
By Tachileik News Agency

မိုင်းဆတ်ခရိုင်အတွင်း ခဲမဖြူနှင့် အဖြိုက်နက် အသေးစားသတ္တုလုပ်ကွက် လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ဆန်ကန်ကျေးရွာအုပ်စုအတွင်းရှိ ခဲမဖြူနှင့် အဖြိုက်နက်ရောရာ အသေးစားသတ္တု လုပ်ကွက်လျှောက်ထားသည့် မြေနေရာများအား ခရိုင်ဓါတ်သတ္တုကြီးကြပ်ရေးအဖွဲ့က၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

ဆန်ကန်ကျေးရွာအုပ်စုအတွင်း လုပ်ကွက်တစ်ကွက်လျှင် (၃ ဒသမ ၉၀) ဧကနှုန်းဖြင့် စုစုပေါင်း လုပ်ကွက်(၆) ကွက်၊ (၂၃ ဒသမ ၄) ဧကအား လျှောက်ထားသဖြင့် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အသေးစားသတ္တု လုပ်ကွက်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်ဓါတ်သတ္တုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးရန်နိုင်ထွန်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး ဦးညီညီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦး၊  မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတင်စောထွန်း၊ မြို့နယ်သစ်တော ဦးစီးမှူး ဦးသန်းနိုင်တို့ ပါဝင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - မြင့်မောင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~