ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ မြန်မာနိုင်ငံသား (၆၄)ဦး ထပ်တိုး ဝင်ရောက်

ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ မြန်မာနိုင်ငံသား (၆၄)ဦး ထပ်တိုး ဝင်ရောက်
ဇွန် 9, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ မြန်မာနိုင်ငံသား (၆၄)ဦး ထပ်တိုး ဝင်ရောက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့  ထိုင်းနိုင်ငံ၊ မယ့်ဖားလုံတက္ကသိုလ်မှ  ကျောင်းပိတ်၍ ပြန်လာသည့် ကျောင်းသားကျောင်းသူ (၁၉)ဦး၊ နေရပ်ပြန် (၃၂)ဦးနှင့် ပြစ်ဒဏ်စေ့၍လွှဲပြောင်းပေးလာသူ (၁၃)ဦး စုစုပေါင်း (၆၄)ဦး၂၀၂၀ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့တွင် ထပ်တိုး ဝင်ရောက်လာသည်။

ထိုင်းနိုင်ငံ၊ မယ့်ဖားလုံတက္ကသိုလ်မှ ကျောင်းပိတ်၍ ပြန်လာသည့် ကျောင်းသားကျောင်းသူ (၁၉)ဦး၊ နေရပ်ပြန် (၃၂)ဦးနှင့် ပြစ်ဒဏ်စေ့၍လွှဲပြောင်းပေးလာသူ (၁၃)ဦး စုစုပေါင်း (၆၄)ဦးကို နေ့လယ် (၂)နာရီဝန်းကျင်၌ မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားသံအရာရှိတို့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)မှတစ်ဆင့် လွှဲပြောင်းပေးလာရာ တာချီလိတ်ဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံထားခြင်းဖြစ်သည်။

အဆိုပါ (၆၄)ဦးကို တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် quarantine ထားရှိပြီး ဇွန်လ (၁၀)ရက်နေ့၌ ဓာတ်ခွဲနမူနာယူ၍ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ဇွန်လ (၅)ရက်နေ့က ထိုင်းဘက်မှ နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့ လွှဲပြောင်းလာသူ စုစုပေါင်း (၇၆)ဦးနှင့် လာအိုနိုင်ငံမှ ဇွန်လ (၆)ရက်နေ့၌ ပြန်လာသူ (၁)ဦးတို့မှာ COVID 19 ဓာတ်ခွဲနမူနာများကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

 Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~