ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းရန် အဆိုကို ဆွေးနွေးမှုအတွင်း စကားလုံးများ ပယ်ဖျက်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ သတိပေးရ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းရန် အဆိုကို ဆွေးနွေးမှုအတွင်း စကားလုံးများ ပယ်ဖျက်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ သတိပေးရ
ဇွန် 1, 2020
By Tachileik News Agency
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှရုပ်သိမ်းရန် အဆိုကို ဆွေးနွေးမှုအတွင်း စကားလုံးများ ပယ်ဖျက်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ သတိပေးရ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန်အဆိုကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ကိုယ်စားလှယ် (၂၄) ဦးက ဆွေးနွေးမှုအတွင်း စကားလုံး အသုံးအနှုန်းများပယ်ဖျက်ပေးရန်  ကိုယ်စားလှယ်အချို့၏ တောင်းဆိုမှုမှာ အငြင်းပွားသည့်ပုံစံဖြစ်ခဲ့၍ ပြင်းထန်စွာသတိပေးခဲ့ရသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးကို ကျွန်တော်သတိပေးတယ်။ မိုက်မပေးတော့ဘူးထိုင်ပါ။ လွှတ်တော်ကိုယ်စားလှယ်များအားလုံး သိပြီးသားပါ။ ဆွေးနွေးခွင့်ဆိုတာ လွှတ်တော်ဥက္ကဌ ခွင့်ပြုမှသာ ဆွေးနွေးလို့ရတယ်။ မိုက်မပေးတော့ဘူး ထိုင်ပါလို့ပြောရင် ထိုင်ပါ။ မထိုင်ရင် ဆက်လက်အရေးယူမယ်

ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်က သတိပေးပြောကြားခဲ့ရခြင်းဖြစ်သည်။

အောင်မြေသာဇံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အဆိုကို ကန့်ကွက်ဆွေးနွေးနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “အခုလိုအဆိုတင်သွင်းတာက အင်မတန်မှ ရှက်စရာကောင်းပါတယ်ဆိုတဲ့ကိစ္စမျိုး၊ မနိုင်မှာမှန်းသိရက်နဲ့ ဒါကြီးကိုပလက်ဖောင်းတစ်ခုလို အသုံးချတယ်ဆိုတဲ့ ပြောကြားချက်တွေက တစ်ဖက်အဖွဲ့အစည်းကို သိက္ခာကျစေတာဖြစ်လို့ ကန့်ကွက်ပါတယ်”ဟု တင်ပြခဲ့ရာတွင် လွှတ်တော်ဒုတိယဥက္ကဌက လက်ခံပြီး စကားလုံးများကို မှတ်တမ်းမှ ပယ်ဖျက်ပေးခဲ့သည်။

အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အဆိုကို ဆက်လက်ဆွေးနွေးပြီးချိန်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မတ်တပ်ရပ်ပြီး အော်ဟစ်ပြောဆိုနေသဖြင့် “ဖျက်ပေးမယ်လို့ ကျွန်တော်ပြောထားပြီးပါပြီ။ ထိုင်ပါ” ဟု လွှတ်တော်ဒုတိယဥက္ကဌက ပြောကြားခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက် အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။ 

ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန် ၂၀၂၀ ခုနှစ်၊ မေလ (၂၈) ရက်နေ့၌ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၁၀) ဦးလက်မှတ်ရေးထိုးထားသည့် အဆိုအား မိုင်းပျဉ်းမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းထားခြင်းဖြစ်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၆) ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆) ဦးတို့က  ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၁၂) ဦးက အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~