Covid 19 ကာကွယ်ရေးအတွက် အသိပညာပေး LED Billboard ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် တပ်ဆင်ပေးထား

Covid 19 ကာကွယ်ရေးအတွက် အသိပညာပေး LED Billboard ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် တပ်ဆင်ပေးထား
ဇွန် 6, 2020
By Tachileik News Agency
Covid 19 ကာကွယ်ရေးအတွက် အသိပညာပေး LED Billboard ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် တပ်ဆင်ပေးထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းရှေ့တွင် Covid 19 ကာကွယ်ရေးအသိပညာပေး LED Billboard ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ညပိုင်းက စတင်တပ်ဆင်ထားပြီး တစ်နေ့လျှင် နှစ်ကြိမ် ပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုဒီလိုတပ်ဆင်ဖို့ဆိုတာ ပုံမှန်အားဖြင့်ဆိုရင် စည်ပင်က အခွန်ကောက်တယ်။ ဒါပေမဲ့ အခုဒီမှာဆို အခွန်မကောက်အောင် ညှိနှိုင်းပေးတယ်။ နောက်သူတို့အတွက် လိုအပ်တဲ့မီးကိုလည်း မြို့မီးလင်းရေးကော်မတီကို ညှိနှိုင်းပေးတော့ ပါဝါမီတာတစ်လုံး တပ်ပေးပြီး မီတာခမယူဘဲ လှူဒါန်းတယ်။ ဒီမှာ တစ်လတာ ပညာပေးလုပ်နေတဲ့ ကာလအတွင်း အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးထားပါတယ်”ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

LED Billboard ဖြင့် Covid 19 အသိပညာပေးခြင်းကို ကရင်ပြည်နယ် မြဝတီမြို့၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ချင်းပြည်နယ် တီးတိန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ဘူတာကြီးတို့တွင်  မြို့ကြီး (၈)မြို့တွင် တစ်လကြာဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူလူထုကို ရောဂါကာကွယ်ရေးအသိပညာပေးအတွက် လူစည်ကားချိန်တွေမှာ တစ်ရက်ကို နှစ်ကြိမ်ပညာပေးလုပ်သွားမှာပါ။ ဒီအစီအစဉ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဦးဆောင်မှုနဲ့ လုပ်တာကို UNICEF က ရန်ပုံငွေ ပံ့ပိုးတာပေါ့။ တစ်နိုင်ငံလုံးမှာ မြို့ (၈)မြို့မှာ လုပ်နေတာ”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

တာချီလိတ်မြို့တွင် Covid 19 ကာကွယ်ရေး အသိပညာပေးခြင်းကို ရှမ်းရိုးမကွင်းရှေ့တွင် led billboard ဖြင့် နေ့စဉ် နံနက် (၇)နာရီမှ နေ့လယ် (၁၁)နာရီအထိ တစ်ကြိမ်နှင့် ညနေ (၄)နာရီမှ ည (၉)နာရီအထိတစ်ကြိမ် နှစ်ကြိမ်စီဖြင့် တစ်လကြာပညာပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~