ကျိုင်းတုံတွင် ပြည်နယ်အစိုးရဘတ်ဂျက် ကျပ်သိန်း (၃၀၀၀)ကျော်ဖြင့် အဆင့်မြှင့်နေသည့် နောင်ခမ်းလမ်းတစ်လျှောက် လမ်းဘေးရေမြောင်းများ တည်ဆောက်ရေး ရပ်ကွက်လူထုပါဝင်ကူညီ

ကျိုင်းတုံတွင် ပြည်နယ်အစိုးရဘတ်ဂျက် ကျပ်သိန်း (၃၀၀၀)ကျော်ဖြင့် အဆင့်မြှင့်နေသည့် နောင်ခမ်းလမ်းတစ်လျှောက် လမ်းဘေးရေမြောင်းများ တည်ဆောက်ရေး ရပ်ကွက်လူထုပါဝင်ကူညီ
ဇွန် 10, 2020
By Tachileik News Agency
ကျိုင်းတုံတွင် ပြည်နယ်အစိုးရဘတ်ဂျက် ကျပ်သိန်း (၃,၀၀၀)ကျော်ဖြင့် အဆင့်မြှင့်နေသည့်  နောင်ခမ်းလမ်းတစ်လျှောက်  လမ်းဘေးရေမြောင်းများ တည်ဆောက်ရေး ရပ်ကွက်လူထု ပါဝင်ကူညီ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိင်းတုံမြို့တွင် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း  ကွန်ကရစ်ခင်း အဆင့်မြှင့်တင်နေသည့်  နောင်ခမ်းလမ်းတစ်လျှောက်ရှိ နေအိမ်များက လမ်းဘေးရေမြောင်း အုတ်စီခြင်းကို မိမိတို့ အစီအစဉ်ဖြင့် ပူးပေါင်းကူညီကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရဲ့ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းချက်အရ အစိုးရအဖွဲ့က ခွင့်ပြုပေးတယ်။ တင်ဒါခေါ်တော့ နောင်တုံကုမ္ပဏီက တင်ဒါအောင်တယ်။ လမ်းခင်းရင် ရေမြောင်းတွေက ဒီတိုင်းထားရင် အဆင်မပြေဘူး။  မြောင်းတွေက သေးသေးလေးတွေ ရှိတယ်။ ရေမစီးတာတွေရှိတယ်။  ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရွာသူကြီးတွေကို အစည်းအဝေးခေါ်ပြီးတော့ အုတ်ရေမြောင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဇိုင်းကို စည်ပင်သာယာက ဆွဲပေးပြီးတော့ အိမ်ရှင်တွေက ကိုယ်အိမ်ရှေ့ကကိုယ် ကုန်ကျစရိတ်ကျခံပြီး  ဆောင်ရွက်ကြတာပါ

ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့က ပြောသည်။

ကျိုင်းတုံမြို့တွင်း အသုံးများသည့် လမ်းဖြစ်သည့်  နောင်ခမ်းလမ်းမှာ အရှည်ပေ (၃,၃၀၀)ဖြင့် စည်ပင်နယ်နမိတ်အတွင်း ဒုတိယအရှည်ဆုံးလမ်းဖြစ်ပြီး လမ်းအကျယ် (၂၄)ပေအား အမြင့် (၁၀)လက်မ ကွန်ကရစ်လမ်းခင်းမည်ဖြစ်၍ ထုအထူဆုံးလမ်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို ကွန်ကရစ်ခင်းနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ ရှမ်းပြည်နယ်အစိုးရဘတ်ဂျက် ကျပ်သိန်းပေါင်း (၃၁၃၀) ဖြင့် တည်ဆောက်ခွင့်ရခဲ့ပြီး နောင်တုံကုမ္ပဏီက တင်ဒါအောင်ထားခြင်းဖြစ်သည်။

အဆိုပါလမ်းကို ၂၀၂၀ ခုနှစ် ဇွန်လမှစ၍ နှစ်လတာအတွင်း အပြီးသတ် ခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျိုင်းတုံ စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~