ရှမ်းပြည်နယ်တွင် KTV၊ ကလပ်၊ ဘားစသည့် ဖျော်ဖြေရေးလုပ်ငန်းများကို Covid-19 အခြေအနေအရ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ဖွယ် မရှိသေး

ရှမ်းပြည်နယ်တွင် KTV၊ ကလပ်၊ ဘားစသည့် ဖျော်ဖြေရေးလုပ်ငန်းများကို Covid-19 အခြေအနေအရ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ဖွယ် မရှိသေး
ဇွန် 11, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင် KTV၊  ကလပ်၊ ဘားစသည့် ဖျော်ဖြေရေးလုပ်ငန်းများကို Covid-19 အခြေအနေအရ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ဖွယ် မရှိသေး

ရှမ်းပြည်နယ်တွင် KTV၊ ကာရာအိုကေ၊ ကလပ်၊ ဘားစသည့် ဖျော်ဖြေရေး လုပ်ငန်းများကို COVID 19 ကာကွယ်ရေးအတွက် ကန့်သတ်ချက်များ ထုတ်ပြန်ထားသည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ သက်တမ်းတိုးသည် ဖြစ်စေ၊ မတိုးသည်ဖြစ်စေ ပြန်လည်ဖွင့်လှစ်နိုင်ဖွယ် မရှိသေးကြောင်း သိရသည်။

ဒီသတ်မှတ်ကာလကျော်ရင်လည်း ပြည်ထောင်စုကတော့ ညွှန်ကြားချက်တော့ လာမှာပါ။ ခန့်မှန်းခြေအားဖြင့် လောလောဆယ် ကျွန်တော်တို့ ပြည်နယ်အနေနဲ့ကတော့ ဖွင့်ဖို့ မဖြစ်နိုင်သေးဘူး ထင်ပါတယ်။ ဒီရောဂါက လုံးလုံးကင်းစင်တယ်လည်း မဟုတ်သေးဘူး။ နေ့စဉ်နဲ့အမျှ တွေ့နေတုန်းဆိုတော့။ တစ်ခုပဲရှိတာက local transmission ကတော့ မရှိသေးဘူးပေါ့။ ဒါပေမဲ့ ကင်းကင်းဖြစ်မှသာ ဒါတွေက ဖွင့်သင့်တယ် ထင်ပါတယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း COVID 19 ကာကွယ်ရေးအတွက် ကန့်သတ်ထားသည့် လုပ်ငန်းများမှ အချို့ကို ရောဂါကာကွယ်ရေးအစီအစဉ်များဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပေးရာတွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများပါဝင်လာသော်လည်း လူစုလူဝေးပွဲလမ်းသဘင်များနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ကန့်သတ်ထားဆဲဖြစ်သည်။

ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပေးနေခြင်းကိုလည်း အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့်ရဲ့ ဗဟိုကော်မတီရဲ့ ကန့်သတ်ချက်က ဇွန် (၁၅)အထိ ကန့်သတ်ထားတာပေါ့နော်။ အမျိုးသားအဆင့် ဗဟိုကော်မတီကနေ ဒီဟာတွေက မလိုတော့ဘူးလို့ ဇွန်လ (၁၅)ရက်နေ့ နောက်ပိုင်းမှာ ပယ်ဖျက်လိုက်ရင်တော့ အားလုံး ဒီအတိုင်းပဲ ဖွင့်ခွင့်ရမှာပေါ့။ အကယ်၍ ဒီကန့်သတ်ချက်တွေ သက်တမ်းထပ်တိုးရင်တော့ ဒီလိုပဲ ဆက်သွားမှာပေါ့

ဟု   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

လက်ရှိတွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပေးထားသော်လည်း KTV၊ ကလပ်၊ ဘားများကို ဖွင့်ခွင့်ပေး မထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~