ကျောက်မဲမြို့တွင် လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပေးထား

ကျောက်မဲမြို့တွင် လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပေးထား
ဇွန် 2, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် လက်ဖက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်ခွင့်ပေးထား

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ Covid-19 ရောဂါ ကာကွယ်ရေး စည်းကမ်းချက်ဖြင့် ကိုက်ညီသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့မှစတင်၍ ဖွင့်ခွင့်ရပြီဖြစ်ကြောင်း  သိရသည်။

အဓိက ကတော့ Social Distance စည်းကမ်းကို လိုက်နာဖို့ရယ် Covid-19 ရောဂါကာကွယ်ရေးနဲ့ပတ်သက်လို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှု ရှိမရှိ လိုက်ပြီး ကြပ်မတ်စစ်ဆေးတာ ဖြစ်ပါတယ်။ လိုက်နာမှုရှိပြီး ဖွင့်ဖို့အသင့်ဖြစ်နေတဲ့ ဆိုင်တွေကို ဖွင့်ခွင့်ပေးတာဖြစ်ပါတယ်

ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် လက်ဆေးရန်နေရာများ ထားပေးခြင်း၊ စားသုံးသူများ နီးကပ်စွာရှိမနေစေရန်စီစဉ်ပေးခြင်းစသည့် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကို မြို့နယ်စည်ပင်သာယာရေးဌာနက လိုက်လံစစ်ဆေးပြီးမှ ခွင့်ပြုပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

social distance ထားတယ်ဆိုပေမဲ့ ဆိုင်တွေက စားပွဲထိုးတွေကကျတော့ နှာခေါင်းစည်း( Mask ) တပ်ဆင်ထားတာ မတွေ့ရဘူး။ လက်အိတ်လည်း မဝတ်ဘူး။ ပြီးရင် စားပွဲ တစ်ခုကနေ တစ်ခုကို ကူးနေတာပဲလေ

ဟု ကျောက်မဲမြို့မှ မစုစုက ပြောသည်။

COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မေလ (၁၈)ရက်နေ့ ရက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်မည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးများ၊ ယာဉ်လိုင်းများ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို ရှမ်းပြည်နယ်အတွင်း ဇွန်လ (၁)ရက်နေ့မှစ၍  ပြန်လည်ဖွင့်လှစ်ခွင့်ပေးနေခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ကာလတစ်ခုအထိ သတ်မှတ်၍ ဆိုင်ပိတ်သိမ်းခြင်းဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~