ကျောက်မဲမြို့ရှိ FQ နှင့် စစ်ဆေးရေးဂိတ်တို့မှ စေတနာ့ ဝန်ထမ်းများနှင့် ကူညီပေးနေသူများကို Covid-19 ပိုး ရှိ မရှိ စစ်ဆေးသွားမည်

ကျောက်မဲမြို့ရှိ FQ နှင့် စစ်ဆေးရေးဂိတ်တို့မှ စေတနာ့ ဝန်ထမ်းများနှင့် ကူညီပေးနေသူများကို Covid-19 ပိုး ရှိ မရှိ စစ်ဆေးသွားမည်
ဇွန် 4, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ FQ နှင့် စစ်ဆေးရေးဂိတ်တို့မှ စေတနာ့ဝန်ထမ်းများနှင့် ကူညီပေးနေသူများကို Covid-19 ပိုး ရှိ မရှိ စစ်ဆေးသွားမည်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ Facility Quarantine Center များနှင့် စစ်ဆေးရေးဂိတ်များ တွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီ လုပ်ဆောင်ပေးနေသူများအား စာရင်းကောက်ယူ၍ နှာခေါင်း၊ အာခေါင် တို့ဖတ်များ ရယူကာ Covid-19 ရောဂါပိုး ရှိမရှိ ဓါတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခုစစ်မှာက မူဆယ်က စေတနာ့ ဝန်ထမ်းမှာ ပိုးတွေ့တဲ့ကိစ္စနဲ့ မဆိုင်ပါဘူး။  စေတနာ့ဝန်ထမ်းတွေက မြေပြင်မှာ လက်တွေ့လုပ်ဆောင်နေသူတွေ ဖြစ်တဲ့အတွက် ရောဂါပိုးကူးစက် ခံရမှုရှိနေမှာစိုးလို့ စာရင်း ကောက်ယူပြီး တို့ဖတ်နမူနာတွေ ပို့ဆောင်ပြီးတော့ စစ်ဆေးဖို့ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ထားပြီးသားပါ။ အဲ့ဒီညွှန်ကြားချက်တဲ့အတိုင်း လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်

ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာ ရေး နှင့် ကုသရေး ဦးစီးဌာနမှ ဒုခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ကျောက်မဲရှိ Facility Quarantine ပြုလုပ်ထားသောနေရာများနှင့် မြို့အဝင် ပင်လုံလမ်းရှိ Check Point တို့တွင် Covid ကာလစတင် ကတည်းက လက်ရှိအချိန်ထိ ကူညီလုပ်ဆောင်ပေးနေသည့် စေတနာ့ဝန်ထမ်းများ/ လူမှုကူညီရေး အသင်းသူ/သား များအား တစ်ဖွဲ့ချင်းစီအလိုက် စာရင်းကောက်ယူထားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးစီး၍  Covid - 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Facility Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသည့် Volunteer များအား အသိပညာပေးသင်တန်းကို ကျောက်မဲမြို့ မြို့တော်ခန်းမ၌ ဇွန်လ(၄)ရက်နေ့အထိ  (၂)ရက်တာ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ကျောက်မဲမြို့ရှိ Facility Quarantine နေရာ (၂)နေရာဖြစ်သည့် အထက(၃) နှင့် မိုးလုံလေလုံ အားကစားခန်းမတို့တွင် ဇွန်လ (၄)ရက်နေ့ နေ့လည်ပိုင်းအထိ ကျန်းမာရေးစောင့်ကြည့်ခံ လူဦးရေ (၇၀)ဝန်းကျင်ရှိနေပြီး ဇွန်လ (၄)ရက်နေ့အတွက် တို့ဖတ်နမူနာပို့ဆောင် စစ်ဆေးရန် တစ်ဦးမှ မရှိထားကြောင်းလည်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~