တာချီလိတ်မြို့ ပုံလို့ရှိ ကျိုက်ထီရိုးစေတီတောင်ပေါ်သို့ ဘုရားဖူး နှင့် တောင်တက်ခြင်း ယာယီပိတ်ထားရန်ညွန်ကြား

တာချီလိတ်မြို့ ပုံလို့ရှိ ကျိုက်ထီရိုးစေတီတောင်ပေါ်သို့ ဘုရားဖူး နှင့် တောင်တက်ခြင်း ယာယီပိတ်ထားရန်ညွန်ကြား
ဇွန် 28, 2020
By Tachileik News Agency
တာချီလိတ်မြို့ ပုံလို့ရှိ ကျိုက်ထီရိုးစေတီတောင်ပေါ်သို့ ဘုရားဖူး နှင့် တောင်တက်ခြင်း ယာယီပိတ်ထားရန်ညွန်ကြား 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံရှိ ကျိုက်ထီးရိုးစေတီ တောင်ပေါ်သို့ Covid-19 ကာလအတွင်း သွားရောက်ခြင်းကို ယာယီပိတ်ထားရန် သက်ဆိုင်ရာမှ ညွှန်ကြား၍ ၂၀၂၀ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ညပိုင်းက စ၍ ပိတ်ထားလိုက်ပြီ ဖြစ်သည်။

'ဒီနေ့ ညနေကမှ ပိတ်လိုက်တာပါ။ ရက်အကန့်အသတ်တော့ မသိပါဘူးခင်ဗျ၊ ဒီ ကိုဗစ်ကာလအပြီးထိလို့ပဲ ပြောပါတယ်၊ စာထွက်လာတော့ ကျွန်တော်တို့လည်း ပိတ်ထားလိုက်တာပေါ့နော်

ဟု ပုံလို့တောရကျောင်းတိုက်၏ ကျောင်းအကျိုးတော်ဆောင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၈)ရက်နေ့ ညပိုင်းက ပြောသည်။

တာချီလိတ် ကျိုက်ထီးရိုးစေတီ သို့ ဘုရားဖူးခြင်း ကို Covid-19 ကာလအတွင်း ခေတ္တယာယီပိတ်ထားရန် သက်ဆိုင်ရာဌာနများက တရားဝင်စာထုတ်ကာ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်က Covid-19 ကာလအတွင်း ပြည်သူတို့ ပန်ကြားချက်၊ ထုတ်ပြန်ချက်၊ ညွှန်ကြားချက် အားလုံးကို ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့အထိ ထပ်တိုးကြောင်း ဇွန်လ(၂၇)ရက်နေ့က ထုတ်ပြန်ပြီးနောက် တာချီလိတ်တွင် ကျိုက်ထီးရိုးစေတီတောင်ပေါ်သို့ ဘုရားဖူးခြင်းကိုလည်း ယာယီပိတ်ထားရန် ဇွန်လ(၂၈)ရက်နေ့တွင် ညွန်ကြားခြင်း ဖြစ်သည်။

ကျွန်မတို့လည်း ဒီ ကိုဗစ်ကာလအတွင်းရောက်မှပဲ တာချီလိတ်မှာ ကျိုက်ထီးရိုးစေတီရှိ မှန်းသိတာ၊ မနက်မနက်တော့ ကျန်းမာရေးအရ ကျိုက်ထီးရိုးတောင် တက်ဖြစ်တယ်၊ အခုလို ပိတ်လိုက်တယ် ကြားတော့ သွားလို့မရတော့ဘူးပေါ့

ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ပုံလို့ရှိ ကျိုက်ထီးရိုးစေတီအား  ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိ၀ိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ (ပုံလို့ဆရာတော်) မှ တည်ထားခြင်း ဖြစ်ပြီး  covid-19 ကာလအတွင်း၌ လူသိများလာရာမှ လာရောက်သူ များပြားလာသည့် အတွက် ပုံလို့ဆရာတော် နှင့် အလှူရှင်များက ကျိုက်ထီးရိုးတောင်တက်လမ်းအား အဆင်ပြေစွာ တက်နိုင်ရန်အတွက် လမ်းများ ပြုပြင် ခင်းကျင်းခြင်းများ ဆောင်ရွက်ထားခြင်း ဖြစ်သည်။

တာချီလိတ်တွင် Covid-19 ကာလအတွင်း၌ လူသိပိုမိုများလာသည့် ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားဖူးသူများ ကျန်းမာရေးအရ တောင်တက်သူများ များပြားလာခြင်း ဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~