မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ရေး တားမြစ်ချက်၊ ပန်ကြားချက်များအား ဇွန်လ (၃၀)ရက်အထိ ထပ်တိုး

မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ရေး တားမြစ်ချက်၊ ပန်ကြားချက်များအား ဇွန်လ (၃၀)ရက်အထိ ထပ်တိုး
ဇွန် 12, 2020
By Tachileik News Agency

မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ရေး တားမြစ်ချက်၊ ပန်ကြားချက်များအား ဇွန်လ (၃၀)ရက်အထိ ထပ်တိုး 

မြန်မာနိုင်ငံတွင် COVID 19 ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်ချက်ကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့အထိ ထုတ်ပြန်ထားသည့် တားမြစ်ချက်၊ ပန်ကြားချက်များ အားလုံးကို ဇွန်လ (၃၀)ရက်နေ့အထိ သက်တမ်း ထပ်တိုးလိုက်သည်။

COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဇွန်လ (၁၂)ရက်နေ့တွင် အသိပေး ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယခင်က ဇွန်လ (၁၅)ရက်နေ့အထိ ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ဇွန်လ (၃၀)ရက်နေ့အထိ ရက်တိုးသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထပ်တိုးလိုက်သည့်အထဲတွင် COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် လုပ်ငန်းအချို့အား စိစစ်လုပ်ကိုင်ခွင့်ပြုခြင်းအပါအဝင် ဖြေလျှော့ထားမှုများ မပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ရေးတားမြစ်ချက်၊ ပန်ကြားချက်များအား မေလ (၃၁) ရက်အထိ ကန့်သတ်ချက်ဖြင့် ထုတ်ပြန်ထားရာမှ ဇွန်လ (၁၅)ရက်သို့ ထပ်မံတိုးမြှင့်သတ်မှတ်ကာ လက်ရှိတွင် ဇွန်လ (၃၀)ရက်နေ့အထိ ရက်တိုးသတ်မှတ်လိုက်ခြင်းဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~