Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တာချီလိတ်တွင် Covid-19 ကာကွယ်ရေး သတ်မှတ် စည်းကမ်းလိုက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၉)လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြု

တာချီလိတ်တွင် Covid-19 ကာကွယ်ရေး သတ်မှတ် စည်းကမ်းလိုက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၉)လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြု  ရှမ်...


တာချီလိတ်တွင် Covid-19 ကာကွယ်ရေး သတ်မှတ် စည်းကမ်းလိုက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၉)လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြု 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်းရှိ လိုင်စင်ရ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများထဲမှ ၂၀၂၀ ခုနှစ် ဇွန်လ (၃) ရက်နေ့အထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၉) လုံးကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားကြောင်း သိရသည်။

လျှောက်ထားတဲ့အထဲက ထပ်စစ်ထားတာ (၅) လုံးရှိတယ်။ ပြန်ကျဖို့ စောင်နေတာပေါ့။ ဖွင့်လှစ်ခွင့် ပြန်ကျတာက (၁၉) လုံး။ အကုန်ပြန် မလျှောက်သေးဘူး။ သူတို့တင်ပြတဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့က စစ်ပေးရတာ
ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းအနေဖြင့် လာရောက်တည်းခိုသည့် ခရီးသည်များကို ကိုယ်ပူချိန်တိုင်းတာရန်၊ ခရီးသွား ရာဇဝင်များ မေးမြန်းရန်အပါအဝင် ဟိုတယ်ခန်းမ၊ ဧည်ကြိုကောင်တာများမှ လိုက်နာရန် စည်းကမ်းချက် (၇) ချက်၊ ဟိုတယ်အိပ်ခန်းတွင်း လိုက်နာရန် စည်းကမ်းချက် (၃) ချက်၊ စားသောက်ခန်းမတွင် လိုက်နာရန် စည်းကမ်းချက် (၅) ချက်၊ ရေကူးကန်၊ အားကစားခန်းမနှင့် Spa ခန်းမများတွင် လိုက်နာရန် စည်းကမ်းချက် (၅) ချက်၊ Social Distancing လမ်းညွှန်ချက် (၆) ချက်၊ စားသောက်အနားယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းချက် (၄) ချက်၊ အထွေထွေ စည်းကမ်းချက် (၂) ချက်တို့ကို လမ်းညွှန်ထားကြောင်း သိရသည်။

သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့် တင်ပြထားပြီး ခွင့်ပြုလာသည့် တာချီလိတ်မြို့မှ ဟိုတယ်(၁၉)လုံးတွင် ရွှေဘူးသီးဟိုတယ်၊ Baitong Hotel ၊ Royal Yadanar Hotel၊ ရွှေစင် (၂)ဟိုတယ်၊ ရွှေရေကန်ဟိုတယ်၊ မဲခေါင်မြစ်ဟိုတယ်၊ ရွှေမိသားစုဟိုတယ်၊ မြလင်းပွင့်ဟိုတယ်၊ 1G1 7 Hotel၊ 1G1 8 Hotel၊ ဆင်ဖြူမင်းဟိုတယ်၊ Loma Hotal ၊ Rose Myanmar Hotel၊ Golden Cherry Hotel ၊ ဆန်ဆိုင်းဟိုတယ်၊ Hotel Tachileik ၊ စန္ဒာလင်းတည်းခိုရိပ်သာ၊ Platinum Star နှင့် Green Mountain တို့ ပါဝင်သည်။

  Tachileik News Agency
သတင်း - ဟန်စိုးထိုက်













~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~


Header Ad

//