တာချီလိတ်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၉) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီး နောက်ထပ် (၁၁) လုံးထပ်မံ ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထား

တာချီလိတ်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၉) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီး နောက်ထပ် (၁၁) လုံးထပ်မံ ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထား
ဇွန် 10, 2020
By Tachileik News Agency

တာချီလိတ်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၉) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီး နောက်ထပ် (၁၁) လုံးထပ်မံ ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်းရှိ လိုင်စင်ရ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများထဲမှ ၂၀၂၀ ခုနှစ် ဇွန်လ (၁၀) ရက်နေ့အထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၁၉) လုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးနောက် ထပ်မံတင်ပြလာသည့် (၁၁) လုံးကို စစ်ဆေးတင်ပြထားကြောင်း သိရသည်။

စုစုပေါင်း အလုံး (၃၀) ပေါ့။ ခွင့်ပြုပြီးသားက (၁၉) လုံး။ ထပ်လျှောက်ထားတာက (၁၁) လုံး။ အကုန်စစ်ပြီးသွားပြီး တင်ပြထားတယ်

ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာကွယ်ထိန်းချုပ်ရေးအတွက် လာရောက်တည်းခိုသည့် ခရီးသည်များကို ကိုယ်အပူချိန်တိုင်းတာရန်၊ ခရီးသွားရာဇဝင်များ မေးမြန်းရန်အပါအဝင် ဟိုတယ်ခန်းမ၊ ဧည်ြ့ကိုကောင်တာများတွင် လုပ်ဆောင်ရန် စည်းကမ်းချက် (၇) ချက်၊ ဟိုတယ်အိပ်ခန်းတွင် လုပ်ဆောင်ရန် စည်းကမ်းချက် (၃) ချက်၊ စားသောက်ခန်းမတွင် လုပ်ဆောင်ရန် စည်းကမ်းချက် (၅) ချက်၊ ရေကူးကန်၊ အားကစားခန်းမနှင့် Spa ခန်းမများတွင် လုပ်ဆောင်ရန် စည်းကမ်းချက် (၅) ချက်၊ Social Distancing လမ်းညွှန်ချက် (၆) ချက်၊ စားသောက်အနားယူခြင်းနှင့်ပတ်သက်သည့် စည်းကမ်းချက် (၄) ချက်၊ အထွေထွေ စည်းကမ်းချက် (၂) ချက်တို့ကို လမ်းညွှန်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့် တင်ပြထားသည့် တာချီလိတ်မြို့မှ ရွှေဘူးသီးဟိုတယ်၊ Baitong Hotel ၊ Royal Yadanar Hotel၊ ရွှေစင် (၂)ဟိုတယ်၊ ရွှေရေကန်ဟိုတယ်၊ မဲခေါင်မြစ်ဟိုတယ်၊ ရွှေမိသားစုဟိုတယ်၊ မြလင်းပွင့်ဟိုတယ်၊ 1G1 7 Hotel၊ 1G1 8 Hotel၊ ဆင်ဖြူမင်းဟိုတယ်၊ Loma Hotal ၊ Rose Myanmar Hotel၊ Golden Cherry Hotel ၊ ဆန်ဆိုင်းဟိုတယ်၊ Hotel Tachileik ၊ စန္ဒာလင်းတည်းခိုရိပ်သာ၊ Platinum Star နှင့် Green Mountain တို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~