ဂုတ်တွင်းလမ်းပိုင်းရှိ တောထဲတွင် ကုန်တင်ယာဉ်မောင်း တစ်ဦး ကြိုးဆွဲချသေဆုံး

ဂုတ်တွင်းလမ်းပိုင်းရှိ တောထဲတွင် ကုန်တင်ယာဉ်မောင်း တစ်ဦး ကြိုးဆွဲချသေဆုံး
ဇွန် 11, 2020
By Tachileik News Agency
ဂုတ်တွင်းလမ်းပိုင်းရှိ တောထဲတွင် ကုန်တင်ယာဉ်မောင်း တစ်ဦး ကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) နောင်ချို - ကျောက်မဲကြား၊ ဂုတ်တွင်း လမ်းပိုင်းရှိ ကျောက်မဲရေကန် ( စားသောက်ဆိုင် အနီး) ကမ်းပါးရံ မှ တောထဲတွင် မော်တော်ယာဉ်မောင်း အမျိုးသားတစ်ဦး ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ နံနက်ပိုင်းက ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားသည်။

“သေဆုံးသူက ဂုတ်တွင်းလမ်း ကျောက်မဲဘက်အခြမ်း လမ်းရဲ့ညာဘက်က ကျောက်မဲရေကန် နားမှာ ရပ်နားထားတဲ့ ကုန်ကားတစ်စီးက ယာဉ်မောင်းဖြစ်သူလို့ သိရတယ်။ ယာဉ်ရပ်နားထားတဲ့အချိန် အပေါ့သွား မယ်ဆိုပြီး တော်တော်နဲ့ ပေါ်မလာလို့ စပါယ်ယာဖြစ်သူက လိုက်ကြည့်ရင်း တွေ့ခဲ့တာ။ အဲဒါနဲ့ လှမ်းအကြောင်းကြားလို့ အလောင်းကို သွားသယ်ပြီး ကျောက်မဲ ပြည်သူ့ဆေးရုံကို ပို့ပေးခဲ့ပါတယ်” ဟု သေဆုံးသူကို သွားရောက်သယ်ဆောင်ပေးခဲ့သည့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း( နောင်ပိန် ) မှ ကိုစိုင်းနေအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူ အသက် (၃၈)နှစ်အရွယ် ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဇွန်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်၌ ဂုတ်တွင်းလမ်းအဆင်း ကျောက်မဲဘက်မှ  လမ်း၏ လက်ယာဘက်ရှိ ကမ်းပါးရံတစ်ခုပေါ်ရှိ  သစ်ပင် တစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေသည့် အနေအထားဖြင့်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးသွားမည်ဟု သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~