တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းနှင့် ပတ်သက်၍ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းနှင့် ပတ်သက်၍ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်
ဇွန် 5, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းနှင့် ပတ်သက်၍ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့က ဝင်လာသည့် ကုန်တင်ယာဉ်နှစ်စီးတွင် ကုန်များနှင့်ရော၍ သယ်လာသည့် မူးယစ်ဆေးထုတ်သည့် စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိပြီးနောက် တာချီလိတ်မှ လက်ခံယူသူအား မူးယစ်ဆေး၊ လက်နက်ခဲယမ်းများနှင့်အတူ ဆက်စပ်ဖမ်းဆီးရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

မယ်ယန်းဂိတ်မှတစ်ဆင့် ဇွန်လ (၃)ရက်နေ့တွင်ဝင်လာသည့် ကုန်တင်ယာဉ်တစ်စီးပေါ်၌ ကုန်ပစ္စည်းများနှင့် ရော၍သယ်လာသည့်  စိတ်ကြွဆေးပြားထည့်သည့်အိတ်ပေါင်း (၁၃)သိန်းကျော်နှင့် အခြား ကုန်တင်ယာဉ်တစ်စီးပေါ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အမှုန့်ကြိက်စက် (၁) လုံး၊ အပူပေးစက် (၃) လုံးတို့ကို မယ်ယန်းဂိတ်ရှိပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်နှစ်စီးမှ ယာဉ်မောင်းများဖြစ်သည့် ဟိန်းမင်းထိုက်နှင့် မင်းမင်းလတ်တို့အား ထိန်းသိမ်းထားပြီးနောက် မူးယစ်ဆေးထုတ်သည့်ပစ္စည်းများကို လက်ခံယူမည့် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်မှ စိုင်းအောင်ခမ်းအား ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။   

ပူးပေါင်းအဖွဲ့က စိုင်းအောင်ခမ်း ငှားရမ်းနေထိုင်သည့်  တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)လမ်းရှိ ရွှေနဂါးတိုက်တန်းအိမ်ခန်းငှားရှိ အခန်းနံပါ(၄)အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀) ပြား၊ အိုက်စ် (၈၀၀) ဂရမ်ခန့်၊ အမ်-၂၂ သေနတ် (၂) လက်၊ အမ်-၁၆ သေနတ် (၁) လက်၊ ပွိုင့် -၄၅ ပစ္စတို (၁) လက်၊ အမ်-၂၂ ကျည်အိမ် (၄) ခု၊ အမ်-၁၆ ကျည်အိမ် (၆) ခု၊ ပွိုင့်-၄၅ ကျည်အိမ် (၁) ခု၊ ပွိုင့်-၄၅ ကျည် (၃၁၂) တောင့်၊ ၉ မမ လူဂါကျည် (၇၅) တောင့်၊ ပွိုင့်-၃၂ ကျည် (၁) တောင့်၊  ၇ ဒသမ ၆၂ မမကျည် (၂၀၅) တောင့်၊ ၅ ဒသမ ၅၆ မမကျည် (၆၆၀) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ ဆေးပြားရိုက်စက် (၅) လုံး၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့်သံမှို (၁၀၀၀) ချောင်းခန့် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
အဆိုပါဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~