တာချီလိတ်မြို့မှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေပြီး သေဆုံးသူ နှစ်ဦးရှိနေ

တာချီလိတ်မြို့မှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေပြီး သေဆုံးသူ နှစ်ဦးရှိနေ
ဇွန် 30, 2020
By Tachileik News Agency
တာချီလိတ်မြို့မှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေပြီး သေဆုံးသူ နှစ်ဦးရှိနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေပြီး တစ်ပတ်အတွင်း ဆရာတော်နှစ်ပါး ပျံလွန်တော်မူခဲ့သလို ဆင်တုပ်ကွေးရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောပါတယ်။

လက်ရှိမှာ သွေးလွန်တုပ်ကွေးရောဂါအမျိုးအစားသိဖို့နဲ့ ဆင်ခြေထောက်ရောဂါစစ်ဆေးဖို့ ဓာတ်ခွဲနမူနာတွေ ပေးပို့ထားတယ်လို့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ တက်ရောက်ကုသနေသူ (၃) ဦးနဲ့ ပြင်ပပုဂ္ဂလိဆေးရုံမှာ တက်ရောက်ကုသနေသူ (၅) ဦးရှိနေပြီး သေဆုံးမှုတွေရှိလာတဲ့အတွက် ၂၀၂၀ ခုနှစ်ဇွန်လ ၂၉ ရက်နေ့မှာ တာချီလိတ်ခရိုင်၊ မြို့နယ်စုပေါင်းရုံးမှာ ခရိုင်အဆင့်အစည်းအဝေးပြုလုပ်ပြီး ရောဂါကာကွယ်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

Tachileik News Agency
တင်ဆက်  - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~