ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို ဆွေးနွေးမှုအတွင်း စကားရပ် (၅) ခုကို လွှတ်တော်မှတ်တမ်းမှ ချက်ချင်း ပယ်ဖျက်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို ဆွေးနွေးမှုအတွင်း စကားရပ် (၅) ခုကို လွှတ်တော်မှတ်တမ်းမှ ချက်ချင်း ပယ်ဖျက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို ဆွေးနွေးမှုအတွင်း စကားရပ် (၅) ခုကို လွှတ်တော်မှတ်တမ်းမှ ချက်ချင်း ပယ်ဖျက်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို ဆွေးနွေးမှုအတွင်း စကားရပ် (၅) ခုကို လွှတ်တော်မှတ်တမ်းမှ ချက်ချင်း ပယ်ဖျက်
ဇွန် 1, 2020
By Tachileik News Agency
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို ဆွေးနွေးမှုအတွင်း စကားရပ် (၅) ခုကို လွှတ်တော်မှတ်တမ်းမှ ချက်ချင်း ပယ်ဖျက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန်အဆိုကို ၂၀၂၀ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင်  ထောက်ခံဆွေးနွေးခြင်းနှင့် ကန့်ကွက်ဆွေးနွေးခြင်းမှ စကားရပ် (၅) ခုကို မှတ်တမ်းမှချက်ချင်း ပယ်ဖျက်ပစ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကို စကားရပ်များပြောင်းလဲသုံးစွဲရန် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌက သတိပေးခဲ့ရသည်။

ယခင်လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များမှ မသင့်တော်သည့် စကားလုံးများ ပါဝင်ပါက လွှတ်တော်ပြီးဆုံးပြီးမှ စကားလုံးများကို လုံးကောက်ထုတ်နှုတ်မှုများပြုလုပ်ခဲ့သော်လည်း ယနေ့အစည်းအဝေးတွင် လွှတ်တော်ဒုတိယဥက္ကဌက လွှတ်တော်မှတ်တမ်းမှချက်ချင်းပယ်ထုတ် ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပျက်ပြားစေမည့် ဆွေးနွေးချက်များ၊ နိုင်ငံရေးပါတီတစ်ခုခုကို ထိပါးပုတ်ခတ်ပြောဆိုခြင်းများ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးအား ပုဂ္ဂလိကဓိဌာန်စွပ်ဆွဲပြောဆိုခြင်းများ မပြုကြဖို့ မေတ္တာရပ်ခံပါတယ်

ဟု ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်က  လွှတ်တော်တွင်း ဆွေးနွေးမှုများ မစတင်မီ  လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုများထဲမှ ထန်းတစ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၏ 'မရိုးဖြောင့်တဲ့ ဆိုသည့် စကားရပ်'၊ မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း၏ 'ဘက်လိုက်တယ်ဆိုတဲ့စကားရပ်၊ ပါတီတစ်ခုရဲ့သြဇာကို လွှမ်းမိုးတယ်ဆိုတဲ့ စကားရပ်'၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၏ 'ရှက်စရာဆိုသည့် စကားရပ်'၊ 'ပလက်ဖောင်းဆိုသည့် စကားရပ်' များကို လွှတ်တော်မှတ်တမ်းမှ ချက်ချင်း ပယ်နှုတ်ပေးခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးနေချိန်တွင် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း(ခေါ်)ဦးပြုံးချို၏ 'မရိုးသားမှုပေါ်လွင်နေတာကို ထောက်ပြတာဟူသေ ာစကားရပ်' အပေါ် 'ညီညွတ်မှုမရှိဘဲဆိုတာ ဒီလိုသုံးလို့ရပါတယ်' ဟူ၍ လည်းကောင်း၊ မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းမှ မြစ်ဆုံကိစ္စထည့်သွင်းပြောကြားချိန်တွင် 'ကိုယ်စားလှယ်တော်ကြီး အဆိုနဲ့သက်ဆိုင်တဲ့ဟာပဲ ပြောပါ' ဟူ၍ လည်းကောင်း၊ 'ပါတီတစ်ခုရဲ့သြဇာလွှမ်းမိုးမှုကို ထင်ဟပ်စေတဲ့' ဟူသောစကားရပ်အပေါ် 'လွှတ်တော်ကိုယ်စားလှယ်ကြီး ယဉ်ကျေးသောအသုံးအနှုန်းကိုသုံးပါ။ အခြားအဖွဲ့အစည်းကို မပုတ်ခတ်ဖို့လိုပါတယ်' ဟူ၍လည်းကောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး သိမ့်သိင်္ဂီထွေးအောင်၏ 'လွှမ်းမိုးမှုကင်းစွာ၊ ဘက်လိုက်မှု ကင်းစွာဆောင်ရွက်ရပါမယ်' ဟူသောစကားရပ်များအပေါ် 'လွှတ်တော်ကိုယ်စားလှယ်ကြီးက ဥက္ကဌရဲ့ ခွင့်မပြုတဲ့ကိစ္စတွေကို ဆွေးနွေးနေတာဖြစ်တယ်။ သတိပေးပါတယ်' ဟူ၍လည်းကောင်း လွှတ်တော်ဒုတိယဥက္ကဌက အသီးသီး သတိပေးပြောကြားခဲ့သည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ကျင်းပရာတွင် တက်ရောက်သူ (၃၉၅) ဦး၊ ခွင့်ပန်ကြားသူ (၃၅) ဦးရှိခဲ့ပြီး လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ရာတွင် အဆိုအား  ကန့်ကွက်မဲ (၂၄၃)မဲ၊ ထောက်ခံမဲ (၁၃၂)မဲဖြင့် အဆိုရှုံးနိမ့်ခဲ့သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~