တာချီလိတ်မြို့ ပါလျှံမီးပွိုင့် လမ်းဆုံတွင် Free Way အတွက် လမ်းချဲ့ထား၍ မီးတိုင်နှင့်ဖုန်းကြိုးတိုင်များ ဖယ်ရှားတာချီလိတ်မြို့ ပါလျှံမီးပွိုင့် လမ်းဆုံတွင် Free Way အတွက် လမ်းချဲ့ထား၍ မီးတိုင်နှင့်ဖုန်းကြိုးတိုင်များ ဖယ်ရှား

တာချီလိတ်မြို့ ပါလျှံမီးပွိုင့် လမ်းဆုံတွင် Free Way အတွက် လမ်းချဲ့ထား၍ မီးတိုင်နှင့်ဖုန်းကြိုးတိုင်များ ဖယ်ရှားတာချီလိတ်မြို့ ပါလျှံမီးပွိုင့် လမ်းဆုံတွင် Free Way အတွက် လမ်းချဲ့ထား၍ မီးတိုင်နှင့်ဖုန်းကြိုးတိုင်များ ဖယ်ရှား
ဇွန် 28, 2020
By Tachileik News Agency
တာချီလိတ်မြို့ ပါလျှံမီးပွိုင့် လမ်းဆုံတွင် Free Way  အတွက် လမ်းချဲ့ထား၍ မီးတိုင်နှင့်ဖုန်းကြိုးတိုင်များ ဖယ်ရှား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်းရှိ ပါလျှံမီးပွိုင့် လမ်းဆုံကို Free Way  (၃) ခု ထပ်မံတိုးချဲ့ရန်အတွက် လျှပ်စစ်ဓာတ်အားတိုင်များ၊ ဆက်သွယ်ရေးတိုင်များကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းက လျှပ်စစ်မီး ခေတ္တဖြတ်တောက်ကာ ရှင်းလင်းဖယ်ရှားကြောင်း သိရသည်။

လမ်းမီးတိုင်တွေ၊ ဆက်သွယ်ရေးတိုင်တွေကို ဒီနေ့ အပြီးရွှေ့သွားမယ်။ ဒါတွေရွှေ့ပြီးသွားမှ လိုအပ်တဲ့မွမ်းမံမှုတွေ ထပ်လုပ်သွားမယ်။ ဒီနေ့မှာပဲ အိမ်ရှင်တွေက လမ်းမီးတိုင်တွေ ဘာတွေနဲ့ မလွတ်တဲ့ sun shade (အမိုး)တွေလည်း အိမ်ရှင်တွေက ဖြိုဖျက်ပေးသွားမယ်။ ကျွန်တော်တို့ ဖျက်တာမဟုတ်ပါဘူး။ အိမ်ရှင်တွေက သူတို့ဘာသာ ဖျက်ပေးတာပေါ့။ မြန်မာ့ဆက်သွယ်ရေးနဲ့ မြို့မီးလင်းရေးကော်မတီတို့က ဒီလမ်းနဲ့မလွတ်တာတွေကို သူတို့ရွှေ့ပေးကြတာပါ။ မီးပွိုင့်လည်းရွှေ့ရမှာ။ မီးပွိုင့်ကတော့ ဘတ်ဂျက်တင်ပြတောင်းခံပြီးလုပ်ရမှာဆိုတော့ ဒါကတော့ ကျန်အုံးမယ်။ ဒါတွေပြီးသွားရင် အပေါ်မှာ လမ်း aligment တွေနဲ့ ဆေးမျဉ်းတွေဆွဲတာတွေကို ဒုတိယပိုင်းအနေနဲ့ ဆက်ပြီး ဆောင်ရွက်ပေးသွားမှာပါ

ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

လမ်းချဲ့လိုက်သည့်နောက် လမ်းပေါ်တွင် ကျန်နေသည့် ဓါတ်မီးတိုင်များ နှင့် ဖုန်းကြိုးတိုင်များကိုလည်း မြို့မီးလင်းရေး နှင့် မြန်မာ့ဆက်သွယ်ရေး အပါအဝင် တာဝန်ရှိသူများက ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ မီးလင်းရေးကတော့ မီးတိုင် (၁၆) တိုင်ရွှေ့ပေးရမယ်။ ဒါကတော့ မီးလင်းရေးရုံးခွဲအပိုင်းပေါ့။ နောက် မြို့အဝင်မှာ မီးအလှလုပ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောထားတာကိုတော့ ကျွန်တော်တို့ မီးလင်းရေးကော်မတီမှာ တိုင်ပင်ပြီးတော့မှ ဘတ်ဂျက်အနေအထားပေါ်မူတည်ပြီး ထည့်ပေးသွားမှာပါ

ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က ပြောသည်။

ပါလျှံမီးပွိုင့်လမ်းဆုံအား လမ်းချဲ့ရာတွင် အိမ်ပိုင်ရှင်များ နှင့် ဆိုင်ပိုင်ရှင်များအား တွေ့ဆုံကာ ညှိနှိုင်းခဲ့ပြီးနောက် အိမ်ပိုင်ရှင် နှင့် ဆိုင်ပိုင်ရှင်များက ပူးပေါင်းပါဝင်မှု ရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~