သစ်တောဦးစီးဌာနမှ လက်/ညွှန် အပါအဝင် ဦးစီးအရာရှိ (၂)ဦးတို့ကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

သစ်တောဦးစီးဌာနမှ လက်/ညွှန် အပါအဝင် ဦးစီးအရာရှိ (၂)ဦးတို့ကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
ဇွန် 6, 2020
By Tachileik News Agency

သစ်တောဦးစီးဌာနမှ လက်/ညွှန် အပါအဝင် ဦးစီးအရာရှိ (၂)ဦးတို့ကို  အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

သစ်တောလုပ်ငန်းများအတွက် ခွင့်ပြုငွေများ ထုတ်ပေးရာတွင် အလွဲသုံးစားပြုလုပ်မှုဖြင့် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (၁)ဦးနှင့် မြို့နယ်သစ်တောဦးစီးအရာရှိ (၁)ဦးတို့အား ၂၀၂၀ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

အဆိုပါနှစ်ဦးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ တာဝန်ပေးချက်အရ သစ်တောဦးစီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)မှ စုံစမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ လွှဲပြောင်းပေးရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ လွှဲပြောင်းပေးလာသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်း (MRRP)ပါ သစ်တောလုပ်ငန်းများအတွက် ခွင့်ပြုငွေများ ထုတ်ပေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦးသည် တောအုပ်(၆)ဦးထံမှ စုစုပေါင်း ငွေကျပ် (၆,၁၅၀,၂၀၀) ကို လည်းကောင်း၊ ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးသည် တောအုပ်(၄)ဦးထံမှ စုစုပေါင်း ငွေကျပ် (၃,၇၆၇,၀၀၀) ကိုလည်းကောင်း ဖြတ်တောက်ရယူခဲ့သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ(၂)ဦးအား ရမည်းသင်းမြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~