ထိုင်းနိုင်ငံမှ ရောက်လာသည့် မြန်မာနိုင်ငံသား (၉၂)ဦးကို covid-19 ပိုးစစ်ဆေးရန်အတွက် မိုးကုတ်တရားရိပ်သာတွင် ရက်တို Facility Quarantine ထားရှိ

ထိုင်းနိုင်ငံမှ ရောက်လာသည့် မြန်မာနိုင်ငံသား (၉၂)ဦးကို covid-19 ပိုးစစ်ဆေးရန်အတွက် မိုးကုတ်တရားရိပ်သာတွင် ရက်တို Facility Quarantine ထားရှိ
ဇွန် 2, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ ရောက်လာသည့် မြန်မာနိုင်ငံသား (၉၂)ဦးကို covid-19 ပိုးစစ်ဆေးရန်အတွက် မိုးကုတ်တရားရိပ်သာတွင် ရက်တို Facility Quarantine ထားရှိ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၆၀)နှင့် ပြစ်ဒဏ်စေ့၍ ပြန်လွှဲသူ (၃၂)ဦးကို ၂၀၂၀ ခုနှစ်၊  ဇွန်လ (၂)ရက်နေ့က လက်ခံထားပြီး COVID 19 ဓာတ်ခွဲစစ်ဆေးပြီးပါက နေရပ်ဒေသ အသီးသီးသို့ ပို့ဆောင်၍ (၂၁)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန်ကို ဓါတ်ခွဲနမူနာယူပြီး မနက်ဖြန်နေ့လယ်ကို လေယာဉ်နဲ့ ပို့မယ်။ ဓာတ်ခွဲအဖြေရပြီဆိုတာနဲ့  ပြန်ပို့မှာပါ။ facility quarantine ရက်ပိုင်း ထားတဲ့အချိန်မှာ တတ်နိုင်တဲ့သူတွေ ကိုယ့်စရိတ်ကိုယ်စားဖို့ အစီအစဉ်ကိုတော့ ခရိုင်အုပ်ချုပ်ရေးမှူးက လောလောဆယ် မလုပ်သေးဘူးလို့ပြောတယ်။ လတ်တလောမှာတော့ ဒီဒေသအနေနဲ့က လုပ်နိုင်သေးတဲ့ အနေအထားရှိသေးတယ်ပေါ့။ အခက်အခဲရှိလာရင်တော့ မြို့နယ်တို့၊ ခရိုင်တို့က အလှူခံထားတဲ့ငွေတွေရှိတယ်။ အဲဒါကို စာရင်းဇယားနဲ့ ထိန်ထားတာရှိပါတယ်။ လိုအပ်ရင်တော့ အဲဒီကနေ ထုတ်သုံးမှာပေါ့။ facility quarantine ထားတဲ့သူတွေကို အစားအသောက်လှူချင်တဲ့ အလှူရှင်တွေလည်း လှူလို့ရပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား အမျိုးသား (၂၂) ဦး၊ အမျိုးသမီး (၈) ဦး နှင့် ကလေးငယ်(၂)ဦး၊ နေရပ်ပြန် အမျိုးသား (၂၆) ဦး၊ အမျိုးသမီး (၃၀) ဦး နှင့် ကလေးငယ်(၆)ဦးတို့ကို တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာ တရားရိပ်သာ Facility Quarantine Center တွင် ထားရှိပြီး ဇွန်လ (၃) ရက်နေ့၌ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှ နေရပ်ပြန်လိုသူများအား အသုတ်လိုက်ခွဲ၍ လက်ခံကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီးနောက် နေရပ်ဒေသအသီးသီး၌ (၂၁)ရက် အသွားအလာကန့်သတ်နေထိုင်စေရန် ပြန်လည်စေလွှတ်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~