ထိုင်းနိုင်ငံတွင် ကြက်ဥပြုတ်မှ တီကောင်နှင့်တူသည့် အမျှင်များထွက်လာ၍ ဓာတ်ခွဲစစ်ဆေးရာ ဘက်တီးယားကြောင့် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံတွင် ကြက်ဥပြုတ်မှ တီကောင်နှင့်တူသည့် အမျှင်များထွက်လာ၍ ဓာတ်ခွဲစစ်ဆေးရာ ဘက်တီးယားကြောင့် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိ
ဇွန် 2, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင် ကြက်ဥပြုတ်မှ တီကောင်နှင့်တူသည့် အမျှင်များထွက်လာ၍ ဓာတ်ခွဲစစ်ဆေးရာ ဘက်တီးယားကြောင့် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် ကြက်ဥကို ပြုတ်လိုက်ရာမှ တီကောင်များနှင့်တူသည့် အမျှင်များထွက်လာ၍ ဓာတ်ခွဲခန်းပို့စစ်ထားရာ ဘက်တီးရီးယားများကြောင့် ပုံစံပြောင်းသွားသည့် ကြက်ဥအသားများဖြစ်သည်ကို ဇွန်လ (၂)ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အမျိုးသမီးတစ်ဦးက ၂၀၂၀ ခုနှစ်၊ မေလ (၃၁)ရက်နေ့တွင် Tesco Lotus ကုန်တိုက်မှ ဝယ်ယူလာသည့် ကြက်ဥအား ချက်ပြုတ်လိုက်စဉ် ကြက်ဥအသားမှာ တီကောင်များပုံစံဖြစ်နေ၍ ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်စာမျက်နှာတွင် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းကြောင့် Tesco Lotus ကုန်တိုက်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတို့က  နောက်တစ်နေ့ဖြစ်သည့် ဇွန်လ (၁)ရက်နေ့တွင် ကုန်တိုက်ရှိ ကြက်ဥများကို ဓာတ်ခွဲစစ်ဆေးပေးရန် သက်ဆိုင်ရာသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် Tesco Lotus က ကြက်ဥများ တင်သွင်းနေသည့် ကြက်ခြံများ၏ အခြေအနေကိုပါ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခွံမာဖုံးထားသည့် ကြက်ဥအတွင်းသို့ တီကောင်များ ဝင်နိုင်ခြင်းမရှိကြောင်းနှင့် တီကောင်များနှင့် တူသည့် ကြက်ဥမျှင်များ ဖြစ်သွားခြင်းမှာ ကြက်ဥအတွင်း ဘက်တီးရီးယားအများအပြားရှိနေခြင်းကြောင့် ကြက်ဥအသားများ ပုံစံပြောင်းရခြင်းဖြစ်သည်ဟု တိရိစ္ဆာန်ကုသရေးပညာဌာနမှ ဒေါက်တာ ထဝိဆပ်ဆုန်ဆရန်က ပြောသည်။

Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~