တာချီလိတ်တွင် ဆိုင်ကယ်ပါဝင်အိတ်ဇော တပ်ဆင် မောင်းနှင်၊ ရောင်းချသူများ နှင့် ပြုပြင်ပေးသူများကို ထောင်ဒဏ်(၃)လအထိ ချမှတ်နိုင်သည့် အထူးဥပဒေဖြင့် အရေးယူသွားမည်

တာချီလိတ်တွင် ဆိုင်ကယ်ပါဝင်အိတ်ဇော တပ်ဆင် မောင်းနှင်၊ ရောင်းချသူများ နှင့် ပြုပြင်ပေးသူများကို ထောင်ဒဏ်(၃)လအထိ ချမှတ်နိုင်သည့် အထူးဥပဒေဖြင့် အရေးယူသွားမည်
ဇွန် 4, 2020
By Tachileik News Agency
တာချီလိတ်တွင် ဆိုင်ကယ်ပါဝင်အိတ်ဇော တပ်ဆင် မောင်းနှင်၊ ရောင်းချသူများ နှင့် ပြုပြင်ပေးသူများကို ထောင်ဒဏ်(၃)လအထိ ချမှတ်နိုင်သည့် အထူးဥပဒေဖြင့် အရေးယူသွားမည်

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဆိုင်ကယ်များ၌ ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ပေးခြင်းများကို အနိမ့်ဆုံးပြစ်ဒဏ် (၃)လအထိ ကျခံရမည့် အထူးဥပဒေဖြင့် စိစစ်အရေးယူတော့မည် ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့တွင် အသိပေးထားသည်။

“ပါဝါအိတ်ဇော သုံးတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူမယ်။ နောက် ဆိုင်တွေကိုလည်း အရေးယူမယ်။ ရောင်းတဲ့သူတွေ၊ တပ်ပေးတဲ့ဆိုင်တွေလည်း အရေးယူမယ်။ မနက်ကတော့ ဆိုင်ကယ်ပစ္စည်းဆိုင်တွေရယ်၊ ပြင်တဲ့ဆိုင်တွေရယ်က ဆိုင်ရှင် (၉၃)ဆိုင်ကို ခေါ်ပြီး ခံဝန်ကတိ လက်မှတ်ထိုးခိုင်းထားတယ်”ဟု အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပါဝါအိတ်ဇောတပ်ဆိုင်ကယ် မောင်းနှင်သူများကို မော်တော်ယာဉ်ဥပဒေအရ ဒဏ်ငွေ ကျပ် (၃၀,၀၀၀) ပြစ်ဒဏ်သတ်မှတ်ထားခြင်းဖြစ်သော်လည်း မောင်းနှင်သူများနှင့် ရောင်းချ၊ တပ်ဆင်ပေးသူများ အားလုံးကို အထူးဥပဒေဖြင့် တပြေးညီအရေးယူရန် တာချီလိတ်ခရိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ထားသည့်အပြင် မော်တော်ယာဉ်ပိုင်ရှင်အနေဖြင့် အခြားမော်တော်ယာဉ်ဥပဒေများဖြင့် ငြိစွန်းပါကလည်း သက်ဆိုင်ရာဥပဒေဖြင့် ထပ်မံအရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

“ပထမအဆင့်အနေနဲ့ကတော့ တာချီလိတ်မြို့ပေါ်မှာစတင်မယ်။ အခုက ပညာပေးကာလ မရှိတော့ဘူး။ တစ်ခါထဲ အရေးယူတော့မယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိန်းရုံးတို့ကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ မနက်ကတော့ အသိပညာပေးလုပ်ပြီးတော့ ဖုန်းဆက်သွယ်တိုင်ကြားလာလို့ တစ်စီးတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက ပြောသည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင်  ၂၀၂၀ ပြည့်နှစ်၊ မော်တော်ယာဉ်ဥပဒေသစ် အသိပညာပေးပွဲကို ကျင်းပရာ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မော်တော်ဆိုင်ကယ်ပစ္စည်း ရောင်းချသည့်ဆိုင်နှင့် ပြုပြင်သည့်ဆိုင်ပိုင်ရှင်များ တက်ရောက်ကြသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~