ကယားပြည်နယ်အတွင်း ဒေါဆန်းဘွန်းကျေးရွာအား ခရီးသွားများ လည်ပတ်စရာနေရာ အဖြစ် ဈေးကွက်မြှင့်တင်မည်

ကယားပြည်နယ်အတွင်း ဒေါဆန်းဘွန်းကျေးရွာအား ခရီးသွားများ လည်ပတ်စရာနေရာ အဖြစ် ဈေးကွက်မြှင့်တင်မည်
ဇွန် 11, 2020
By Tachileik News Agency
ကယားပြည်နယ်အတွင်း ဒေါဆန်းဘွန်းကျေးရွာအား ခရီးသွားများ လည်ပတ်စရာနေရာ အဖြစ် ဈေးကွက်မြှင့်တင်မည်

ကယားပြည်နယ်အတွင်း လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာအုပ်စုရှိ ကယန်းရိုးရာ ဈေးဆိုင်တန်းများ ရှိသည့် ဒေါဆန်းဘွန်းကျေးရွာအား လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် တိုင်းရင်းသားကျေးရွာအဖြစ် လုပ်ဆောင်ရန် အစီအစဉ် မရှိသေးသော်လည်း ခရီးသွားများ လည်ပတ်ရန်နေရာအဖြစ် ဈေးကွက်မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

 ဆန်းဘွန်းရွာကို ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ် စေရေးအတွက် လိုအပ်တဲ့ ခရီးသွားဝန်ဆောင်မှုသင်တန်းများပေးခြင်း၊ ခရီးသွားကုမ္ပဏီများ ဧည့်လမ်းညွှန်တွေကဆင့် ပြည်တွင်းပြည်ပခရီးသွား တွေနဲ့ချိတ်ဆက်ပေးခြင်း ၊ရွာမှထုတ်ကုန်ပစ္စည်းတွေကိုရောင်းချပေးဖို့ စီမံချိတ်ဆက် ပေးခြင်း၊ ဒီဂျစ်တယ်မားကက်တင်းဖြင့် လည်ပတ်စရာနေရာ တစ်ခုအဖြစ်သိရှိအောင် ဈေးကွက်ရှာဖွေပေးတာတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီးတော့ တိုင်းရင်းသားကျေးရွာအဖြစ် ဖော်ဆောင်ရန် အစီအစဉ်မရှိပါကြောင်းနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) စံနှုန်းနဲ့လည်း ကိုက်ညီမှုမရှိတဲ့အတွက် လတ်တလောမှာ ဖော်ဆောင်ဖို့အစီစဉ်မရှိပါကြောင်း ဖြေကြားအပ်ပါတယ်

ဟု ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြည်နယ်လွှတ်တော်တွင် ပြန်လည်ဖြေကြားသည်။

လွိုင်ကော်မြို့နယ် ၊ ပန်ကန်းကျေးရွာအုပ်စုရှိ ကယန်းရိုးရာ လက်မှုပစ္စည်းများနှင့် အမှတ်တရ အရောင်းဆိုင်များ ရှိသော ဒေါဆန်းဘွန်းကျေးရွာအား ခရီးသွားဧည့်သည်များ လာရောက်လေ့လာလည်ပတ်နိုင်သော တိုင်းရင်းသား ကျေးရွာအဖြစ် သတ်မှတ် ဖော်ဆောင်ပေးရန် ရှိမရှိ လွိုင်ကော်မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်က ဇွန်လ (၉)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာသို့ သွားရောက်လည်ပတ်ရန် အချိန်လုံလောက်မှုမရှိသည့်  ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များမှာ လွိုင်ကော်မြို့အနီးရှိ ဒေါဆန်းဘွန်းရွာသို့ ကယန်းရိုးရာ ဒေသထွက်အစားစာများ ၊ ရိုးရာလက်မှု အထည်များရောင်းချသည့် ဈေးသို့လာရောက်လေ့ရှိပြီး ခရီးသွားဧည့်သည်များ စိတ်ဝင်စားစွာ လာရောက်လည်ပတ်နိုင်ရန် ဈေးကွက်ရှာဖွေပေးခြင်းများကို သာလုပ်ဆောင်ပေးမှာဖြစ်ပြီး တိုင်းရင်းသား ကျေးရွာအဖြစ် ပြုလုပ်ရန် အစီစဉ်မရှိကြောင်း ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

လွိုင်ကော်မြို့နယ် ၊ပန်ကန်းကျေးရွာအုပ်စု ၊ ဒေါဆန်းဘွန်းကျေးရွာတွင် ကယန်းလူမျိုးများ အဓိကနေထိုင်ကြပြီး ပြည်နယ်အစိုးရမှ ဦးဆောင်၍ တည်ထောင်ပေးထားသော (Kayan Traditional Village) တွင် ကယန်းရိုးရာ ဈေးဆိုင်ခန်းပေါင်း(၁၂)ခန်းဖြင့် ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားအများစု လာရောက် လည်ပတ်လေ့ရှိကြောင်းသိရသည်။

ဒေါးဆန်းဘွန်းကျေးရွာရှိ ကယန်းရိုးရာဈေးတန်းအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကယားပြည်နယ် အစိုးရမှ ဦးဆောင်၍ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရိုးရာလက်မှု အရောင်းဆိုင်များအား လာရောက်ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~