တာချီလိတ်မြို့တွင် ဒေသန္တရအမိန့် ချိုးဖေါက်ပြီး ကျင်းပသည့် Mr.Crush Bar ၏ သင်္ကြန်ပါတီတွင် ပါဝင်သူ ထိုင်း(၃)ဦးကို လွှဲပြောင်း ပြည်နှင်

တာချီလိတ်မြို့တွင် ဒေသန္တရအမိန့် ချိုးဖေါက်ပြီး ကျင်းပသည့် Mr.Crush Bar ၏ သင်္ကြန်ပါတီတွင် ပါဝင်သူ ထိုင်း(၃)ဦးကို လွှဲပြောင်း ပြည်နှင်
ဇွန် 2, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒေသန္တရအမိန့် ချိုးဖေါက်ပြီး  ကျင်းပသည့် Mr.Crush Bar ၏ သင်္ကြန်ပါတီတွင် ပါဝင်သူ ထိုင်း(၃)ဦးကို လွှဲပြောင်း ပြည်နှင်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့မှာ ဒေသန္တရအမိန့်ချိုးဖေါက်ပြီး  Mr.Crush Bar မှာ သင်္ကြန်ပါတီကျင်းပတဲ့အဖွဲ့မှာ ပါဝင်တဲ့ ထိုင်း (၃)ဦးကို ကူးစက်ဥပဒေ အပြင် လဝက ဥပဒေနဲ့ပါ အရေးယူပြီးဖြစ်တဲ့အတွက် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့က တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားရဲ့  မယ်ဆိုင်ဘက်ခြမ်းမှာ  ပြည်နှင်လွှဲပြောင်း ပေးလိုက်ပါတယ်။

COVID 19 ကာကွယ်ရေးအတွက် သင်္ကြန်ကာလ ရေကစားခြင်နးများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးထားပေမဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့မှာတော့ တာချီလိတ်မြို့မှာရှိတဲ့  Mr.Crush Bar မှာ မြန်မာ နဲ့ ထိုင်းနိုင်ငံသားများ ပါဝင်တဲ့ သင်္ကြန်ပါတီပွဲကို ဆင်နွှဲတဲ့အပြင် facebook မှာ live လွှင့်ရာက ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် ဖမ်းဆီးအရေးယူခံရတာ ဖြစ်ပါတယ်။

သင်္ကြန်ပွဲကျင်းပသူ (၁၂)ဦးကို တာချီလိတ်မြို့နယ်တရားရုံးက ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေအရ ငွေဒဏ် ကျပ် (၅,၀၀၀)စီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ပြီး  ထိုင်းနိုင်ငံသား (၃)ဦးမှာ ဗီဇာစည်းကမ်းချိုးဖေါက်မှုဖြင့် ထပ်မံတရားရင်ဆိုင်ရပြီး အဲ့ဒီပွဲမှာ ပါဝင်တဲ့ ရဲတပ်သားတစ်ဦးမှာလည်း ရဲစည်းကမ်းဥပဒေဖြင့် ထပ်မံ အရေးယူခံခဲ့ရပါတယ်။

သင်္ကြန်ပွဲကျင်းပသူများအား အမြင့်ဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှုဖွင့်တိုင်တန်းခဲ့ပေမဲ့လည်း ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံ တရားစွဲဆိုခွင့်တောင်းရာမှာ ကျပ်(၅၀၀၀)ဖြင့် ဒဏ်ရိုက်နိုင်မဲ့ ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေးဥပဒေဖြင့် ပြောင်းလဲအရေးယူရန် ပြန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~