ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် တာချီလိတ်မြို့၏ ဒုတိယမြောက် အတည်ပြုလူနာတွင် covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ

ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် တာချီလိတ်မြို့၏ ဒုတိယမြောက် အတည်ပြုလူနာတွင် covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ
ဇွန် 5, 2020
By Tachileik News Agency
ကျိုင်းတုံဆေးရုံတွင် ကုသမှုခံယူနေသည့် တာချီလိတ်မြို့၏  ဒုတိယမြောက် အတည်ပြုလူနာတွင် covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် တာချီလိတ်မြို့မှ ဒုတိယမြောက် အတည်ပြုလူနာ Case 112 တွင်  COVID 19 ပိုးမတွေ့တော့၍   ၂၀၂၀ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။

သူအိမ်မှာတစ်ပတ်လောက်တော့ Home Quarantine နေရမယ်။ ပြီးရင်တော့ ပုံမှန်အတိုင်း သွားလာလို့ရပါပြီ

ဟု ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဒုတိယမြောက် အတည်ပြုလူနာမှာ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးရှိ COVID-19 အတည်ပြုလူနာ သီးသန့်ဆောင်တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့မှစ၍ တက်ရောက်ကုသမှုခံယူခဲ့ပြီးနောက် (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးမှုများတွင် ပိုးမတွေ့ရတော့ကြောင်း အဖြေရရှိသဖြင့် ဆေးရုံတွင် (၁၄)ရက် စောင့်ကြည့်ထားခြင်းဖြစ်သည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် တာချီလိတ်မှ အတည်ပြုလူနာ (၂)ဦးနှင့် မိုင်းဖြတ်မှ အတည်ပြုလူနာ (၁) ဦးတို့ တက်ရောက်ကုသမှုခံယူနေသည့် အနက် တာချီလိတ်မှ အတည်ပြုလူနာ (၂)ဦးလုံး ဆေးရုံဆင်းခွင့်ရထားပြီး မိုင်းဖြတ်မှ အတည်ပြုလူနာမှာလည်း နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ကြောင်း ဓာတ်ခွဲအဖြေရထား၍ ဆေးရုံတွင် (၁၄)ရက် ဆက်လက် စောင့်ကြည့်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဇွန်လ (၅)ရက်နေ့အထိ ကုသမှုခံယူနေသည့် အတည်ပြုလူနာ မရှိတော့ဘဲ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသည့် တာချီလိတ်မှ (၉၃)ဦးရှိနေသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျိုင်းတုံ ဆေးရုံ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~