တာချီလိတ်မြို့ ဟောင်လိတ်ကျောင်းရှေ့တွင် ကားနှင့်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ ဒဏ်ရာပြင်းထန်

တာချီလိတ်မြို့ ဟောင်လိတ်ကျောင်းရှေ့တွင် ကားနှင့်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ ဒဏ်ရာပြင်းထန်
ဇွန် 8, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဟောင်လိတ်ကျောင်းရှေ့တွင် ကားနှင့်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့ နေ့လယ်ပိုင်းက ကားနှင့်ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်စီးနင်း၊ လိုက်ပါလာသူ သားအမိနှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ ဟောင်လိတ်အထက်တန်းကျောင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် သားအမိနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့် မော်တော်ယာဉ်တစ်စီးတို့ တိုက်မိ၍ ဆိုင်ကယ်စီးနင်းလာသည့် အသက် (၄၆) နှစ်အရွယ် အမျိုးသမီးမှာ ခြေလက်များကျိုးသွားပြီး အသက် (၁၈)နှစ်အရွယ် သားဖြစ်သူမှာ ဝမ်းဗိုက်၌ ဒဏ်ရာရသွားကြောင်း သိရသည်။

ဒဏ်ရာရသွားသူများကို တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှုဖြစ်ပွားသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့က အခင်းဖြစ်စဉ် စစ်ဆေးခြင်း လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇွန်လ (၈)ရက်နေ့ နေ့လယ်ပိုင်း၌ ယာဉ်တိုက်မှု (၂)ခုဖြစ်ပွား၍ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~