တာချီလိတ်တွင် မိုးသက်လေပြင်းကြောင့် နေအိမ်အမိုးလန်ကာ ဓါတ်တိုင်လဲကျ

တာချီလိတ်တွင် မိုးသက်လေပြင်းကြောင့် နေအိမ်အမိုးလန်ကာ ဓါတ်တိုင်လဲကျ
ဇွန် 2, 2020
By Tachileik News Agency
တာချီလိတ်တွင် မိုးသက်လေပြင်းကြောင့် နေအိမ်အမိုးလန်ကာ ဓါတ်တိုင်လဲကျ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် နေအိမ်တစ်လုံး အမိုးလန်သွားပြီး ဓါတ်တိုင် (၁)တိုင် လဲကျသွားကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဇွန်လ(၂)ရက်နေ့ နေ့လည်(၁)နာရီကျော်က မိုးသက်လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအသွားလမ်းရှိ  သွပ်မိုးအိမ်တစ်လုံး နှင့် ဓါတ်တိုင် (၁)တို့မှာ လဲကျသွားခဲ့ခြင်း ဖြစ်သည်။

ဓါတ်မီးတိုင် လဲကျသည့်နေရာသို့ မြို့မီးလင်းရေးရုံးမှ သွားရောက်ပြီး လုပ်ငန်းအမြန်ဆုံးဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - မြို့မီးလင်းရေးရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~