အိန္ဒိယနိုင်ငံမှ ပြန်လာသူ အမျိုးသား(၃)ဦးတွင် covid-19 ပိုးထပ်တွေ့

အိန္ဒိယနိုင်ငံမှ ပြန်လာသူ အမျိုးသား(၃)ဦးတွင် covid-19 ပိုးထပ်တွေ့
ဇွန် 28, 2020
By Tachileik News Agency

အိန္ဒိယနိုင်ငံမှ ပြန်လာသူ အမျိုးသား(၃)ဦးတွင် covid-19 ပိုးထပ်တွေ့

ရန်ကုန်တွင် အိန္ဒိယမှပြန်လာ၍ အသွားအလာကန့်သတ်ထားသူများထဲက အမျိုးသား (၃)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့၌ အတည်ပြုလူနာစုစုပေါင်း (၂၉၉)ဦး ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများမှ ပြန်ဝင်လာသူများ၊ စောင့်ကြည့်သံသယလူနာများနှင့် အတည်ပြုလူနာများဖြင့် အနီးကပ်ထိတွေ့သူများအား COVID 19 ပိုး ဓာတ်ခွဲစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန  (ရန်ကုန်)၊ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀)နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)တို့တွင် ဓာတ်ခွဲစစ်ဆေးနေခြင်းဖြစ်ပြီး ဇွန်လ (၂၈)ရက်နေ့က စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၁၈၂)ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာများအနက် (၂၀၆)ဦးမှာ ဆေးရုံဆင်းခွင့်ရထားပြီး (၆)ဦး သေဆုံးသွားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~