ထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၃)ဦးတွင် Covid-19 ပိုး ထပ်တွေ့၍ ကူးစက်ခံရသူ (၂၉၆)ဦးအထိ ရှိလာ

ထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၃)ဦးတွင် Covid-19 ပိုး ထပ်တွေ့၍ ကူးစက်ခံရသူ (၂၉၆)ဦးအထိ ရှိလာ
ဇွန် 28, 2020
By Tachileik News Agency

ထိုင်းနိုင်ငံ နှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၃)ဦးတွင် Covid-19 ပိုး ထပ်တွေ့၍ ကူးစက်ခံရသူ (၂၉၆)ဦးအထိ ရှိလာ

ဓါတ်ခွဲဌာန (၃)ခုက ဇွန်လ(၂၇)ရက်နေ့ အတွက် ဒုတိယအသုတ်အဖြစ် ဓါတ်ခွဲနမူနာပေါင်း(၈၃၀)ကို ဓါတ်ခွဲစစ်ဆေးရာ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံက ပြန်လာသည့် အမျိုးသား(၃)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်သည်။

Covid-19 ပိုးတွေ့ရှိရသည့် (၃)ဦး အနက် (၁)ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လာပြီး တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် နေထိုင်ကာ ဘားအံ့တွင် Quarantine ထားရှိသူ အသက်(၁၅)နှစ်အရွယ် ကလေး(ယောကျာ်းလေး)တစ်ဦးဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြန်လာသူသည်  မြဝတီ - မဲဆောက် နယ်စပ်ဝင်ပေါက်က ရောက်ရှိလာသူ ဖြစ်သည်။

ကျန်ရှိသည့် အသက်(၂၂)နှစ်အရွယ် နှင့် အသက်(၂၃)နှစ်အရွယ် အမျိုးသား(၂)ဦးသည် အိန္ဒိယနိုင်ငံက ပြန်လာကာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် နေထိုင်ပြီး လှိုင်မြို့နယ်၌ပင် Quarantine ထားရှိသူများ ဖြစ်ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဇွန်လ(၂၇)ရက်နေ့အတွက် ပထမအသုတ် နှင့် ဒုတိယအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန(၅)ခုမှ ဓါတ်ခွဲနမူနာပေါင်း (၁,၉၆၅)ခုကို ဓါတ်ခွဲစစ်ဆေးရာမှ (၃)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်(၈)နာရီအထိ ကူးစက်ခံရသူ (၂၉၆)ဦး ရှိနေပြီး သေဆုံးသူ (၆)ဦးအထိ ရှိနေသည် ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~