ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့

ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့
ဇွန် 20, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့

ထိုင်းနိုင်ငံမှ ပြန်လာ၍ မွန်ပြည်နယ်၊ မော်လမြိုင်တွင် အသွားအလာကန့်သတ်ထားသည့် အမျိုးသမီး (၁)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့၌ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၂၈၇)ဦး ရှိလာပြီဖြစ်သည်။

တစ်နိုင်ငံလုံးမှ ဓာတ်ခွဲနမူနာ (၁ယ၃၄၆)ခုကို ဇွန်လ (၂၀)ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မန္တလေးရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ မော်လမြိုင်ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့တွင် စစ်ဆေးရာ အတည်ပြုလူနာ တစ်ဦးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာဖြစ်သည့် အဆိုပါ အမျိုးသမီးသည်  မြဝတီ - မဲဆောက် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသူ ဖြစ်ကြောင်း သိရသည်။

ကုသမှုခံယူနေသည့် အတည်ပြုလူနာများအနက် ပြန်လည်ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက်တွင် ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားသူ စုစုပေါင်း (၁၉၆)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၇၇)ဦးနှင့် သေဆုံးသူ (၆)ဦးရှိကာ ကျန်လူနာများ ကုသမှုခံယူနေဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~