ရှမ်းပြည်နယ်တွင် ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာမှာ လမ်းလုပ်သား တစ်ဦးဖြစ်နေ

ရှမ်းပြည်နယ်တွင် ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာမှာ လမ်းလုပ်သား တစ်ဦးဖြစ်နေ
ဇွန် 9, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင် ထပ်တိုးလာသည့် COVID-19 အတည်ပြုလူနာမှာ လမ်းလုပ်သား တစ်ဦးဖြစ်နေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ခုနှစ် ဇွန်လ(၉)ရက်နေ့ ညပိုင်းက အတည်ပြုထုတ်ပြန်လိုက်သည့် အတည်ပြုလူနာ ( Case 245 )သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့တွင် ပခုက္ကူဘက်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် လမ်းလုပ်သား မိသားစုထဲက ဖြစ်ပြီး ပြည်ပခရီးသွားလာဖူးသူမဟုတ်ကြောင်း သိရသည်။

နေတာက ဆီဆိုင်မှာပဲ နေတယ်လို့ ပြောတယ်။ ပခုက္ကူဘက်မှာ လမ်းလုပ်သားလုပ်ပြီး ပြန်လာတယ်လို့ ပြောတယ်။ ပြန်လာတော့ မိသားစုက (၇)ယောက်။ လူကြီး (၅)ယောက်ကတော့ ဓာတ်ခွဲနမူနာယူစစ်တယ်။ ကလေး (၂)ယောက်ကတော့ မစစ်ဘူး။ သူတို့က ပြန်လာတာနဲ့ ဒီမှာ facility quarantine ထားတာမှာ သူတို့ပြန်လာချိန်က နေရာမရှိတော့လို့ အိမ်တစ်လုံးမှာ facility quarantine သွင်းလိုက်တာဆိုတော့ အဲဒါတော့ ကံကောင်းတာပေါ့နော်။ တခြားလူတွေနဲ့တော့ မရောဘူး။ အဲဒီထဲမှာ တစ်ယောက်က positive ဖြစ်တာပေါ့။ ပြန်လာတဲ့လမ်းတလျှောက်မှာလည်း ကျွန်တော်တို့ဆီက volunteer စစ်တဲ့လူလောက်ပဲ နည်းနည်း ထိတွေ့မှုဖြစ်နိုင်တာပေါ့။ အဲဒါလည်း လိုက်နေပြီ။ ဘယ်နှစ်ယောက် ထွက်လာမလဲတော့ မသိဘူး။ ဆီဆိုင်ရောက်တော့ quarantine တန်းဝင်တာဆိုတော့ ဆီဆိုင်မှာတော့ ထပ်ပြီး ထိတွေ့သူမရှိဘူး

 ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

အဆိုပါ လမ်းလုပ်သား မိသားစုမှာ မေလ (၂၁) ရက်နေ့က ဆီဆိုင်မြို့သို့ ပြန်ရောက်လာခြင်းဖြစ်ပြီး အခြားဒေသမှ လာသူများကို (၂၁) ရက် quarantine ထားသည့်ကာလအတွင်း ပြန်လာသူများဖြစ်၍ facility quarantine ထားရှိခဲ့သူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ ည(၈)နာရီအထိ covid-19 ပိုးကူးစက်ခံရသူ (၂၄၆) ဦးရှိပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~