အီတလီနိုင်ငံမှ ပြန်လာသူ တစ်ဦးတွင် Covid-19 ပိုးတွေ့ရ၍ ကူးစက်ခံရသူ (၂၄၃)ဦးအထိ ရှိလာလ

အီတလီနိုင်ငံမှ ပြန်လာသူ တစ်ဦးတွင် Covid-19 ပိုးတွေ့ရ၍ ကူးစက်ခံရသူ (၂၄၃)ဦးအထိ ရှိလာလ
ဇွန် 8, 2020
By Tachileik News Agency

အီတလီနိုင်ငံမှ ပြန်လာသူ တစ်ဦးတွင် Covid-19 ပိုးတွေ့ရ၍ ကူးစက်ခံရသူ (၂၄၃)ဦးအထိ ရှိလာ

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန အပါအဝင် ဓါတ်ခွဲဌာန(၃)ခုတွင် ဓါတ်ခွဲနမူနာစုစုပေါင်း (၈၉၇)ခုကို ဇွန်လ(၇)ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် စစ်ဆေးရာ အီတလီနိုင်ငံက ပြန်လာသူ တစ်ဦးတွင် Covid-19 ပိုးတွေ့ရှိရသည်ကို ဓါတ်ခွဲအဖြေထွက်ကြောင်း ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်သည်။

covid-19 ပိုးတွေ့ရှိရကြောင်း အဖြေထွက်သည့် လူနာသည် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်က  အသက်(၃၅)နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လှိုင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူ ဖြစ်သည်။

ဇွန်လ(၇)ရက်နေ့က ပထမအသုတ် နှင့် ဒုတိယအသုတ် အဖြစ် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)၊  ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) နှင့် ရန်ကုန်မြို့ရှိ ခုတင်(၁၀၀၀)ဆံ့ အမှတ်(၁) တပ်မတော်ဆေးရုံကြီးတို့မှ စုစုပေါင်း ဓါတ်ခွဲနမူနာ (၂,၀၉၇)ခုကို စစ်ဆေးခဲ့ရာ ပထမအသုတ်တွင် (၂)ဦး နှင့် ဒုတိယအသုတ်တွင် (၁)ဦး စုစုပေါင်း (၃)ဦး ထပ်တိုး တွေ့ရှိရခြင်း ဖြစ်သည်။

၂၀၂၀ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက်(၈)နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၄၃)ဦးအထိ ရှိနေပြီး သက်သာပျောက်ကင်းသူမှာ (၁၅၆)ဦးအထိ ရှိလာကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~