အိန္ဒိယနိုင်ငံက ပြန်လာသူ (၄)ဦးတွင် covid-19 ပိုးတွေ့ရှိ၍ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂၄၀)ဦးအထိ ရှိနေ

အိန္ဒိယနိုင်ငံက ပြန်လာသူ (၄)ဦးတွင် covid-19 ပိုးတွေ့ရှိ၍ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂၄၀)ဦးအထိ ရှိနေ
ဇွန် 6, 2020
By Tachileik News Agency

အိန္ဒိယနိုင်ငံက ပြန်လာသူ (၄)ဦးတွင် covid-19 ပိုးတွေ့ရှိ၍ မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂၄၀)ဦးအထိ ရှိနေ

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန နှင့် ဆေးသုတေသနဦးစီးဌာန အပါအဝင် မန္တလေး နှင့် မော်လမြိုင်တို့ရှိ ဓါတ်ခွဲဌာနများတွင် ၂၀၂၀ခုနှစ် ဇွန်လ(၆)ရက်နေ့ ည(၈)နာရီအထိ စစ်ဆေးသည့် ဓါတ်ခွဲနမူနာ ( ၁,၅၉၉)ခုတွင် covid-19 ကူးစက်ခံရသူ (၄)ဦးတွေ့ရှိကြောင်း သတင်းထုတ်ပြန်သည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန က ဓါတ်ခွဲနမူနာ(၁,၁၃၈)ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓါတ်ခွဲနမူနာ (၁၆၁)ခု၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ (၂၇၇)ခု နှင့် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ (၂၃)ခု ကို စစ်ဆေးရာ  အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၄)ဦးတွင် Covid-19 ပိုးတွေ့ရခြင်း ဖြစ်သည်။

Covid-19 ပိုးကူးစက်ခံရသည့် (၄)ဦးတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်က အသက် (၃၂)နှစ်ရှိ အမျိုးသမီး တစ်ဦး၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှ အသက်(၆၉)နှစ်ရှိ အမျိုးသမီး၊ အသက် (၇၂)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၃၈)နှစ်ရှိ အမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး ၎င်းတို့သည် မြောက်ဒဂုံတွင် အသွားအလာ စောင့်ကြည့် ကန့်သတ်ထားသူများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ဇွန်လ(၆)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၄၀)ဦးရှိပြီး သက်သာပျောက်ကင်းသူမှာ (၁၅၆)ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~