ဇွန်လ(၂)ရက်နေ့ ဓါတ်ခွဲစစ်ဆေးချက်၌ ရှမ်းပြည်နယ်အတွင်းမှ (၂)ဦးတွင် Covid-19 ပိုးတွေ့ရှိ

ဇွန်လ(၂)ရက်နေ့ ဓါတ်ခွဲစစ်ဆေးချက်၌ ရှမ်းပြည်နယ်အတွင်းမှ (၂)ဦးတွင် Covid-19 ပိုးတွေ့ရှိ
ဇွန် 2, 2020
By Tachileik News Agency
ဇွန်လ(၂)ရက်နေ့ ဓါတ်ခွဲစစ်ဆေးချက်၌ ရှမ်းပြည်နယ်အတွင်းမှ (၂)ဦးတွင် Covid-19 ပိုးတွေ့ရှိ

အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန နှင့် ဆေးသုတေသန ဦးစီးဌာနတို့မှ ၂၀၂၀ခုနှစ် ဇွန်လ(၂)ရက်နေ့ ည(၈)နာရီ၏ Covid-19 ပိုးတွေ့ရသည့် (၄)ဦး၏ ဓါတ်ခွဲအဖြေတွင် ရှမ်းပြည်နယ်အတွင်းက (၂)ဦး ပါဝင်ကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ ဇွန်လ(၂)ရက်နေ့ ည(၈)နာရီအထိ ဓါတ်ခွဲနမူနာပေါင်း ( ၇၈၂ )ခုကို စစ်ဆေးရာမှ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က (၁)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့က တရုတ်မှ ပြန်လာသူ (၁)ဦး၊ ချင်းပြည်နယ် မင်းတပ်မြို့က မလေးရှားမှ ပြန်လာသူ (၁)ဦး နှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်မှ အိန္ဒိယနိုင်ငံက ပြန်လာသူ တစ်ဦးတို့တွင် covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

covid-19 ပိုးတွေ့သူ (၄)ဦးတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က အသက်(၃၀)နှစ်ရှိ အမျိုးသမီးတစ်ဦးမှာ ရောဂါပိုးရှိသူနှင့် ထိတွေ့သူ မဟုတ်သည့်အပြင် ပြည်ပခရီးစဉ်ရှိသူလည်း မဟုတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၀ခုနှစ် ဇွန်လ(၂)ရက်နေ့ ည(၈)နာရီအထိ ကူးစက်ခံရသူ (၂၃၂)ဦးရှိရာ သက်သာပျောက်ကင်းသူမှာ (၁၄၃)ဦးရှိပြီး သေဆုံးသူ (၆)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~