မူဆယ်မြို့က အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်း ( Case 231)နဲ့ ထိတွေ့သူများကို စုံစမ်းနေ

မူဆယ်မြို့က အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်း ( Case 231)နဲ့ ထိတွေ့သူများကို စုံစမ်းနေ
ဇွန် 2, 2020
By Tachileik News Agency
မူဆယ်မြို့က အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်း ( Case 231)နဲ့ ထိတွေ့သူများကို စုံစမ်းနေ

မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၀ခုနှစ် ဇွန်လ(၂)ရက်နေ့က အသစ်ထပ်တိုးလာတဲ့ covid-19 အတည်ပြုလူနာ(၄)ဦးထဲက တစ်ဦးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ကျန်းမာရေးမှူးဖြစ်နေကြောင်း ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီကို အတည်ပြု ပြောကြားလိုက်ပါတယ်။

covid-19 ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းကို မူဆယ်ဆေးရုံမှာဘဲ ထားရှိမှာ ဖြစ်ပြီး ဘယ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သလဲဆိုတာကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

ဇွန်လ(၂)ရက်နေ့ ညပိုင်းက အသစ်ထပ်တွေ့ရှိတဲ့ covid 19 အတည်ပြုလူနာ (၄)ဦးထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က တစ်ဦး ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့က  တစ်ဦး။ ချင်းပြည်နယ်မင်းတပ်မြို့က  တစ်ဦး နဲ့ ရန်ကုန်တိုင်းဒေသကြီးက  တစ်ဦးသူတို့ ပါဝင်တဲ့အတွက် ဇွန်လ(၂)ရက်နေ့အထိ မြန်မာနိုင်ငံတွင်းမှာ ကူးစက်ခံရသူ စုစုပေါင်း (၂၃၂)ဦးရှိနေပြီ ဖြစ်ပါတယ်။

 Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~