Covid-19 စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် အခွန်သက်သာခွင့်ပေးမည့်အမိန့် နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်

Covid-19 စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် အခွန်သက်သာခွင့်ပေးမည့်အမိန့် နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်
ဇွန် 12, 2020
By Tachileik News Agency

Covid-19 စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် အခွန်သက်သာခွင့်ပေးမည့်အမိန့် နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်

Covid-19 စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် အခွန်သက်သာခွင့်ပြုမည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာ အမိန့်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

အဆိုပါ အမိန့်သည် ၂၀၂၀ - ၂၀၂၁ စည်းကြပ်နှစ်အတွက် သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ - ၂၀၂၀ ဝင်ငွေနှစ်အတွင်း ထပ်တိုးပေးချေရသည့် လုပ်ခ၊ လစာ စုစုပေါင်း၏ (၁၀) ရာခိုင်နှုန်းကို ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့်အဖြစ် ခံစားခွင့်၊ အဆိုပါ ဝင်ငွေနှစ်တွင် ထပ်တိုးပေးချေခဲ့ရသည့် လုပ်ခ၊ လစာ စုစုပေါင်း ပေးချေမှု၏ ရာခိုင်နှုန်းနှင့် ညီမျှသောပမာဏကို အသုံးစရိတ်အဖြစ် ဝင်ငွေမှ နုတ်ပယ်ခွင့်၊ သတ်မှတ် မတည်အပိုင်ပစ္စည်းများ ထပ်တိုးရင်းနှီးမြုပ်နှံမှုအတွက် တိုးချဲ့သုံးစွဲခဲ့သည့် မတည်ပစ္စည်းတန်ဖိုးစုစုပေါင်း၏ (၁၀)ရာခိုင်နှုန်းကို ပြန်အမ်းငွေရပိုင်ခွင့်မရှိသည့် အခွန်ခုနှိမ်ခွင့်၊ ထပ်တိုးသတ်မှတ် မတည်အပိုင်ပစ္စည်းတန်ဖိုးလျော့စရိတ်၏ (၁၂၅) ရာခိုင်နှုန်းနှင့် ညီမျှသော ပမာဏကို တစ်ကြိမ်တည်း တိုးမြှင့်ခံစားခွင့်တို့ကို ခံစားခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အခွန်သက်သာခွင့်ဆိုင်ရာ ခံစားခွင့်ရသည့် စီးပွားရေးလုပ်ငန်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သတ်မှတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~