တာချီလိတ်တွင် covid-19 စစ်ဆေးရန်အတွက် ရက်တို Quarantine ထားရှိသည့် နေရပ်ပြန်နှင့်ပြစ်ဒဏ်စေ့ (၁၆၉)ဦး၏ နေ့စဉ် စားသောက်ရေးအတွက် လှူဒါန်းနိုင်

တာချီလိတ်တွင် covid-19 စစ်ဆေးရန်အတွက် ရက်တို Quarantine ထားရှိသည့် နေရပ်ပြန်နှင့်ပြစ်ဒဏ်စေ့ (၁၆၉)ဦး၏ နေ့စဉ် စားသောက်ရေးအတွက် လှူဒါန်းနိုင်
ဇွန် 5, 2020
By Tachileik News Agency
တာချီလိတ်တွင် covid-19 စစ်ဆေးရန်အတွက် ရက်တို Quarantine ထားရှိသည့် နေရပ်ပြန်နှင့်ပြစ်ဒဏ်စေ့  (၁၆၉)ဦး၏ နေ့စဉ် စားသောက်ရေးအတွက် လှူဒါန်းနိုင်

ထိုင်းနိုင်ငံမှ နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများအား တာချီလိတ်တွင် လက်ခံပေးထားရာ ၂၀၂၀ခုနှစ် ဇွန်လ(၅)ရက်နေ့အထိ စုစုပေါင်း (၁၆၉)ဦး ရှိနေသည့်အတွက် နေ့စဉ် လိုအပ်နေသည့် နံနက်စာ၊ နေ့လည်စာ နှင့် ညစာများအတွက် စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

ထိုင်းဘက်က ပြည်တော်ပြန် (၅၀)နဲ့ ပြစ်ဒဏ်စေ့ (၂၇)ယောက်လွှဲလာတယ်။ ပြစ်ဒဏ်စေ့ထဲက တစ်ယောက်က ထိုင်းနိုင်ငံသားဖြစ်နေလို့ ပြန်ထည့်ပေးလိုက်တယ်ဆိုတော့ ဒီဘက်မှာ လက်ခံထားတာ စုစုပေါင်း (၇၆) ယောက် လက်ခံထားပါတယ်။ အခုဆိုရင် ကျွန်တော်တို့ quarantine ထားထားတာ စုစုပေါင်း (၁၆၉)ယောက်ရှိနေပါတယ်။ မြို့လူထုအနေနဲ့ ဒီနေရပ်ပြန်တွေကို quarantine ကာလအတွင်း ကျွေးမွေးလှူဒါန်းချင်တဲ့သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်ခင်ဗျ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ဓာတ်ခွဲအဖြေစောင့်နေသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့ (၉၂)ဦးကို မိုးကုတ်တရားရိပ်သာ နှင့် (၁)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံ သီးသန့်စောင့်ကြည့်ကုသခန်းတွင် ထားရှိခြင်းဖြစ်၍ ဇွန်လ (၅)ရက်နေ့၌ လက်ခံထားသည့် နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့များအနက် အမျိုးသား (၄၇)ဦးကို အောင်မြတ်ခန်းမတွင် ထားရှိကာ အမျိုးသမီး (၂၉)ဦးကို လုပ်ငန်းရှင်တစ်ဦးက ကူညီပေးထားသည့် အဆောက်အဦတွင် ထားရှိခြင်းဖြစ်သည်။

Quarantine ထားရှိသူများအား နေ့စဉ်စားသောက်ရေးအတွက် လှူဒါန်းလိုသူများအနေဖြင့် တစ်နေ့လုံးစာဖြစ်စေ၊ တစ်နပ်စာဖြစ်စေ လှူဒါန်းနိုင်ကြမည်ဖြစ်ပြီး လှူဒါန်းလိုပါက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဖုန်း 09 49307 777 သို့ ဆက်သွယ်နိုင်ကြမည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~