ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာသည့် (၉၂)ဦးကို covid-19 ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေထွက်၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု

ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာသည့် (၉၂)ဦးကို covid-19 ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေထွက်၍ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြု
ဇွန် 6, 2020
By Tachileik News Agency

ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာသည့် (၉၂)ဦးတွင် covid-19 ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေထွက်၍ နေရပ် အသီးသီးသို့ ပြန်ခွင့်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာ quarantine center ၌ ရက်တို ထားရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်နှင့် ပြစ်ဒဏ်စေ့ (၉၂)ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရပြီဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့၌ ကျန်းမာရေးထောက်ခံချက်များနှင့်အတူ  နေရပ်အသီးသီးသို့ ပြန်ပို့လိုက်ပြီဖြစ်သည်။

အဆိုပါ နေရပ်ပြန်(၉၂)ဦးကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် တာဝန်ရှိသူများက နေရပ်ဒေသသို့ ပြန်ရောက်သည့်အခါ covid-19 ကာကွယ်ရေးနှင့် ပတ်သက်၍ လိုက်နာရန်များကို သတိပေးပြောကြားပြီးနောက် တစ်ဦးချင်းစီ ကျန်းမာရေးထောက်ခံစာများ ပေးကာ လမ်းတွင် စားသောက်နိုင်ရန်အတွက် ထမင်းဘူး နှင့် ရေသန့်ဘူးများပါ ထည့်ပေးလိုက်ကြသည်။

ဒေသအလိုက် စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် နေရပ်ပြန်များ ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်ပြီး မိမိတို့နေရပ်အသီးသီး၌ (၂၁) ရက် အသွားအလာကန့်သတ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှနေ၍ နေရပ်ပြန် မြန်မာနိုင်ငံသား (၆၀) ဦးနှင့် ပြစ်ဒဏ်စေ့၍ ပြန်လွှဲသူ (၃၂)ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က လွှဲပြောင်းပေးလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်တွင် အသွားအလာကန့်သတ်ကာ ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်သည်။

ဆက်လက်၍လည်း  ဇွန်လ (၅)ရက်နေ့က မယ်ဆိုင်ဘက်မှ ဝင်လာသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၅၀) ဦးနှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၆) ဦး စုစုပေါင်း (၇၆)ဦးကို လက်ခံထားပြီး မိုးကုတ်ဝိပဿနာတရားရိပ်သာရှိ quarantine center ၌ ထားရှိ ထားသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~